【 ပြည်တွင်း 】တရုတ်-မြန်မာ နယ်စပ်တွင် လမ်းကြမ်းမောင်း ကားပြိုင်ပွဲနှင့် ဆိုင်ကယ်ပြိုင်ပွဲ ကျင်းပမည်

【 ပြည်တွင်း 】တရုတ်-မြန်မာ နယ်စပ်တွင် လမ်းကြမ်းမောင်း ကားပြိုင်ပွဲနှင့် ဆိုင်ကယ်ပြိုင်ပွဲ ကျင်းပမည်

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ယူနန်ပြည်နယ်က ဖိန်ရှန်းကျေးရွာမှာ လမ်းကြမ်းမောင်း ကားပြိုင်ပွဲနဲ့ ဆိုင်ကယ် ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသဟာ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ လုံချွမ်းခရိုင် ဟုဆားအာချမ်းတိုင်းရင်းသားကျေးရွာလို့ လူသိများတဲ့ ဖိန်ရှန်းရွာမှာဖြစ်ပြီး ယင်းကျေးရွာရဲ့ တျန်မြန် အပြည်ပြည်ဆိုင်ရာ မိုးသစ်တောမှာ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ထိုဒေသဟာ ကျေးလက်သဘာ၀ရှုခင်းတွေနဲ့ သာယာလှပတဲ့ကျေးရွာလည်းဖြစ်သလို ဒေသအစားအသောက်များ ဖြင့် စုံလင်နေပြီး လာရောက်သူတွေအဖို့ နှစ်သက်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

001

ရန်ကုန်၊ ဇန်နဝါရီ ၂၀