【 ပြည်တွင်း 】တောင်ပြုံးပွဲတော်ကျင်းပသော်လည်း လာရောက်သူနည်းနေဆဲ

【 ပြည်တွင်း 】တောင်ပြုံးပွဲတော်ကျင်းပသော်လည်း လာရောက်သူနည်းနေဆဲ

နှစ်စဉ်စည်ကားခဲ့တဲ့ တောင်ပြုံးပွဲတော်ဟာ ယခု ၂၀၂၂ ခုနှစ်ထဲ ဩဂုတ် ၄ ရက်မှာ စတင်ကျင်းပခဲ့ရာ လာရောက်သူ နည်းနေသေးတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီနှစ်မှာပွဲတော်ကို စည်ကားအောင်လုပ်မယ်ဆိုပြီးတော့ မြို့နယ်ပိုင်း လူကြီးတွေနဲ့ ကျေးရွာလူကြီးတွေက လုပ်နေတာ ရှိပါတယ်၊ လောလောဆယ်တော့ လာတဲ့သူတွေသိပ်မရှိဘူး၊ အရင်တုန်းကဆိုရင် အခုလိုအစပိုင်းရက်မှာတင် လာတဲ့သူတွေ အရမ်းများတာ၊ ဒီနှစ်ကလည်း နိုင်ငံရေးကမကောင်းတာနဲ့ စီးပွားရေးကျပ်တည်းတာတွေ၊ ဟိုနားဘာဖြစ်ဒီနားဘာဖြစ်နဲ့ ဆိုတော့ ကြောက်ကြတာလည်းပါမယ်ထင်တယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါပွဲတော်ဟာ နှစ်စဉ်ဝါခေါင်လအတွင်းကျင်းပလေ့ရှိသလို ရှစ်ရက်တိုင်အောင်ကျင်းပကြပြီး ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိကြောင်း၊ လွန်ခဲ့တဲ့နှစ်က ကိုဗစ်ကြောင့်မကျင်းပနိုင်ခဲ့ရာမှ ယခုနှစ်မှာ ဝါခေါင်လဆန်း ၈ ရက်ဖြစ်တဲ့ ဩဂုတ် ၄ ရက်မှာ စတင်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုတောင်ပြုံးမင်းနှစ်ပါးပွဲတော်အတွင်း ရိုးရာယုံကြည်မှုအစဉ်အလာတွေအရ ပူဇော်ပသဖို့ အနယ်နယ်အရပ်ရပ်မှလာရောက် လေ့ရှိကြသလို လာရောက်တဲ့ ပရိသတ် သိန်းဂဏန်းလောက်ရှိပြီး တိုးမပေါက်အောင် စည်ကားတဲ့အခြေအနေမျိုး ကြုံရသလို ချိုးရေတော်သုံးပွဲအခမ်းအနားကျင်းပတဲ့ရက်ဟာ အစည်ကားဆုံးဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

မတ္တရာ၊ ဩဂုတ် ၅