
【 ပြည်တွင်း 】နေပြည်တော်တွင်ဆောက်လုပ်ရေးသုံးအုတ်သဲကျောက်စျေးနှစ်ဆမြင့်တက်
နေပြည်တော်တွင် ပွင့်လင်ရာသီရောက်လာသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများလာသဖြင့် တည်ဆောက်ရေးသုံးအုတ်သဲကျောက်စျေး ယခင်စျေးထက်နှစ်ဆစျေးမြင့်ပေးဝယ်ရကြောင်း အဆောက်အဦတည်ဆောက်နေသူတစ်ဦးမှ ပြောပါတယ်။
"အဆောက်အဦအတွက် လိုအပ်တဲ့အုတ်နဲ့သဲဝယ်တာအခုစျေးက အရင်ကစျေးထက် နှစ်ဆမြင့်လာတယ်၊အရင်ကသဲဖောကားအကြီးတစ်စီးကို၃သောင်း၊၃သောင်းခွဲကနေ အခုတစ်စီး(၇)သောင်းပေးဝယ်ရတယ်၊အုတ်ကလည်းအရင်က လုပ်ငန်းခွင်အရောက်ကို တစ်လုံး(၆၅)ကျပ်ကနေအခုအရောက်(၈၅)ကျပ်ကနေ(၉၀)အထိပေးဝယ်နေရတယ်၊ကျောက်လည်းအတူတူဘဲလုပ်ငန်းသုံးကျောက်အသေးခွဲကျောက်အရင်ကဖောကားအကြီးတစ်စီး၃သောင်းခွဲကနေ အခု၆သောင်းအထိပေးဝယ်နေရတယ်"ဟု အဆောက်အဦ တည်ဆောက်နေသူတစ်ဦးမှ ပြောပါတယ်။ သီတင်းကျွတ်နောက်ပိုင်း နေပြည်တော်မြို့နယ်များတွင် အဆောက်အဦ တည်ဆောက်သူများလာပြီး တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်များ အရောင်းအဝယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘော်ဘော်
နေပြည်တော်၊နိုဝင်ဘာ-၂၄