【 ပြည်တွင်း 】မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၆၀နီးပါးရှိ

【 ပြည်တွင်း 】မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၆၀နီးပါးရှိ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ နှစ်ပတ်အတွင်းကုန် သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၆၀ နီးပါးရှိတယ်လို့ စီးပွားကူးသန်းရဲ့အချက်လက်တွေအရ သိရပါတယ်။ 
 
၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၈.၃၈၃ သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၄၀.၃၆ သန်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၅၈.၇၄၃ သန်း ရှိခဲ့တာ ဖြစ်ပါတယ်။ 
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (၁၂၆.၀၆၀) တန်၊ ငါးရှဉ့်(၃၀.၄၀၀) တန်၊ ရေခဲပုစွန် (၁၅.၈၅၀) တန်၊ ကြက်သွန်နီ (၂၉၀.၀၀၀) တန်၊ ကြေးနီ (၃၁.၅၀၀)တန်၊ ပုစွန်ဖွဲ (၁၀၀.၀၀၀)တန်၊ မိကျောင်းကွမ်းဖတ်စေ့ (၄၀.၃၂၀)တန်၊ နနွင်းတက် (၅၃.၂၀၀)တန်၊ သရက်သီး (၆၀.၀၀၀)တန် နှင့် မြေပဲ (၁၅.၃၅၀)တန်တို့ ဖြစ်ကြောင်း သိရပါတယ်။ 
 
သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ ၊ သံပိုက် ၊ ဝါယာကြိုးခေါင်း၊ လက်တွန်းလယ်ထွန်စက် (အင် ဂျင်မပါ)၊ ဆလင်ဒါ (စက်အပိုပစ္စည်း)၊ လိမ္မော်သီး၊ ဘက္ထရီ၊ ဓာတ်ဗူး၊ ကားတာယာ/ကျွတ်နှင့်ပီနံအိတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ 
 
အောင်အောင်
 
ရန်ကုန်၊ မေ ၂၂