【 ပြည်တွင်း 】မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း ၉၂ခု အကောင်ထည်ဖော်နေ

【 ပြည်တွင်း 】မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း ၉၂ခု အကောင်ထည်ဖော်နေ

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံ ကိန်း ၉၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းရရှိထားတယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်း ၉၂ ခုတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၁၈ ဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံမျှဝေဖလှယ်ခြင်းခေါင်းစဉ်ဖြင့် စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

သို့ရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုအခြေအနေများကြောင့် မူလစီမံကိန်း ဒီဇိုင်းပြောင်းလဲရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကျဆင်းမှု ပြန်လည်ကုစားမှုအစီအစဉ်အရဆောင်ရွက်သော Cash for Work စီမံကိန်းနှင့် Village Revolving Fund Project စီမံကိန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ဖြင့် စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ ကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းလေးခုကို ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ စီမံကိန်းကာလ နှစ်နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယင်းစီမံကိန်းလေးခုတွင် ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ပြည်သူ့အခြေပြုရေသန့်စင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်း နှင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြုအကောင်အထည်ဖော်ဆောင်ရွက်သည့်ပုံစံဖြစ်၍ တရုတ်နိုင်ငံမှ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (MLC Special Fund) အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်  ထူထောင်ထားရှိတာလို့ သိရပါတယ်။

 

002

 

ရန်ကုန်၊ ဇန်နဝါရီ ၂၁