【 ပြည်တွင်း 】ယခုနှစ်အတွင်း တရုတ်သို့ တစ်သျှူးငှက်ပျောတန်ချိန် သုံးသောင်းကျော်တင်ပို့ထား

【 ပြည်တွင်း 】ယခုနှစ်အတွင်း တရုတ်သို့ တစ်သျှူးငှက်ပျောတန်ချိန် သုံးသောင်းကျော်တင်ပို့ထား

ယခု ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ထိ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် သုံးသောင်းကျော်တင်ပို့ထားတယ်လို့ စီးပွားကူးသန်းရဲ့အချက်လက်တွေအရ သိရပါတယ်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ယခုနှစ်၊ မေလ (၂၃) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောကို တစ်တန်လျှင်ဈေးနှုန်း ၂၄၂၀ယွမ်ဖြင့် တန်ချိန်စုစုပေါင်း ၃၂၇၂၅ တန် တင်ပို့ခဲ့တာလို့ ဆိုပါတယ်။

ထို့အတူ Iron Concentrate ဈေးနှုန်း တစ်တန်လျှင် ၁၃၂.၅ ဒေါ်လာဖြင့် တန်ချိန် ၈၀၀ နှင့် ဖရဲဈေးနှုန်း တစ်တန်လျှင် ၁၅၀ ဒေါ်လာဖြင့် ၂၅ တန် တင်ပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ ယခုနှစ် မေလ ၂၃ ရက် နေ့ထိ တန်ချိန် ၂၈၅၉ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အခြားသွင်းကုန်များ အနေဖြင့် EMPTY CARGO CONTAINER၊ B/N DIESEL ENGINE ၊ ZINC COATED IRON WIRE ၊ WELDING ROD ၊ BOLT & NUT၊ IRON PIPE ၊IRON SHEET ၊ ARTIFICIAL GRASS၊ CERAMIC TILE PLAIN စသည့် အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များတင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၈