【 ပြည်တွင်း 】ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဥ်ကို သြဂုတ် ၁၀ ရက်တွင် ပျံသန်းပြေးဆွဲမည်

【 ပြည်တွင်း 】ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဥ်ကို   သြဂုတ် ၁၀ ရက်တွင် ပျံသန်းပြေးဆွဲမည်

လာမယ့် ဩဂုတ် ၁၀ ရက်မှစတင်ကာ ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဥ်ကို အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI)မှ ပျံသန်းပြေးဆွဲပေးသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ထို့သို့ ပျံသန်းပြေးဆွဲရာတွင်  သြဂုတ် ၁၀ ရက်၊ ၂၀ ရက်နဲ့  ၃၀ ရက်တွေမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇ နာရီမှာ စတင်ထွက်ခွာပြီး ဖနွမ်းပင်မြို့သို့ ဒေသစံတော်ချိန် ၉ နာရီ ၂၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ထို့အတူ  ဖနွမ်းပင်မြို့မှ ဒေသစံတော်ချိန် ၁၀ နာရီ ၂၅ မိနစ်တွင် ပြန်လည်ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ နံနက် ၁၁ နာရီ ၅၅ မိနစ်မှာ ရောက်ရှိမှာဖြစ်ကြောင်း၊ ခရီးစဥ်တစ်ကြောင်းစာအတွက် လေယာဥ်လတ်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၂၃၀ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI)မှ Air KBZ နဲ့လည်းပူးပေါင်းပြီး မန္တလေး-ဘန်ကောက်-မန္တလေး ခရီးစဉ် အပါအဝင် ပြည်တွင်းခရီးစဉ်တွေအပြင် ပြည်ပခရီးစဥ်များအဖြစ် ရန်ကုန်-တိုကျို-ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် ၊ ရန်ကုန်-နယူးဒေလီ-ရန်ကုန် ၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဥ်များကို ပျံသန်းပြေးဆွဲ ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၂