【 ပြည်တွင်း 】သီတင်းကျွတ်ကလေးကစားစရာလက်တွန်းမီးထွန်းရုပ်လေးများ နေပြည်တော်မှာ စတင်ရောင်းချ

【 ပြည်တွင်း 】သီတင်းကျွတ်ကလေးကစားစရာလက်တွန်းမီးထွန်းရုပ်လေးများ နေပြည်တော်မှာ စတင်ရောင်းချ

နေပြည်တော်တွင်သီတင်းကျွတ်ပွဲတော်နီးလာသဖြင့် သီတင်းကျွတ်ကလေးကစားစရာ လက်တွန်းမီးထွန်းရုပ်လေးများ စတင်ရောင်းချလာနေတာကိုတွေ့ရှိရပါတယ်။

"ရောင်စုံမှန်ကြည်ပလပ်စတစ်စတွေနဲ့မော်တော်ကား၊လေယာဉ်ပျံ၊တိရိစ္ဆာဆန်ပုံလေးတွေကိုဝါးခြမ်းနဲ့လုပ်ထားတဲ့အရုပ်အလယ်မှာမီးထွန်းလို့ရပြီး၊ဘီးလေးတွေနဲ့တွန်းစရာတုတ်နဲ့ကလေးအကြိုက်အရုပ်လေးတွေလုပ်ပြီး နေပြည်တော်လူစည်းကားရာနေရာတွေမှာ လိုက်ရောင်းနေတာ၊စျေးမေးကြည်တော့အသေးဆုံးအရုပ်က၁၅၀၀တဲ့ ကြီးတာတွေကတော့၂၅၀၀ကနေ၄၀၀၀အထိ ရောင်းတယ် စက္ကူစျေးဝါးစျေးကြီးလို့ ဒီလိုတင်ရောင်းရတာလို့ပြောတယ်"ဟု ကလေးမိခင်တစ်ဦးမှပြောပါတယ်။

သို့ရာတွင် စားဝတ်နေရေးမှာ မကြုံစဖူးကျပ်တည်းမှုကြောင့် စားသောက်ရေးအဓိကထားနေရသဖြင့် အရောင်းအဝယ်ပါးကြောင်း သိရပါတယ်။

ဘော်ဘော်

နေပြည်တော်၊စက်တင်ဘာ-၂၁