【 ပြည်တွင်း 】အချိန်ပိုင်း ပြန်လည်ရောင်းချခွင့်ပြုထားသည့် မန္တလေး သီရိမာလာငါးဈေးအရောင်းအဝယ် အေးစက်နေ

【 ပြည်တွင်း 】အချိန်ပိုင်း ပြန်လည်ရောင်းချခွင့်ပြုထားသည့် မန္တလေး သီရိမာလာငါးဈေးအရောင်းအဝယ် အေးစက်နေ 

ရေထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန် အဓိက လက်ကား ဖြန့်ဖြူး ရောင်းချနေတဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ သီရိမာလာဈေးကို အချိန်ပိုင်းဖြင့် ပြန်လည်ရောင်းချခွင့်ပြုလျက်ရှိရာ လာရောက်ဝယ်ယူ သူနည်းပါးတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ 
 
လက်ရှိမှာ သီရိမာလာငါးဈေးကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် ဈေးသို့လာ ရောက်ဝယ်သူ အရေအတွက်မှာ ပုံမှန်ထက်နည်းပါးသလို အချိန်ပိုင်းဖြင့်ဖွင့်လှစ်ရသည့်အတွက် အရောင်းအဝယ် မှာလည်း ပုံမှန်ထက်ကျဆင်းနေခြင်းဖြစ်တယ် လို့  ရွှေပင်လယ်ငါးပုစွန်ရောင်းဝယ်ရေးလုပ်ငန်း  ပိုင်ရှင် ဦးဝင်းညွန့်က ပြောပါတယ်။ 
 
“ဈေးကွက်အခြေနေမှာ အရောင်းအဝယ်က အေးတာပေါ့။ ဆိုင်တွေကလည်းအခုမှ ပြန်ဖွင့်တာဆိုတော့ လာမဝယ် ကြသေးဘူး။အခုဈေးတွေပြန်ဖွင့်ပေမယ့် လူတွေက မသွားရဲမလာရဲကြသေးတော့ဝယ်တဲ့သူနည်းတာပေါ့။ နောက်ပြီး ပင်လယ်ထွက်ကုန်ပစ္စည်းက ဒီရာသီမှာရှားတယ်။ ရှာရခက်တော့ ဒီကိုရောက်ရင် ဈေးကမြင့်သွားတယ်။ ရခိုင် က နေလာတာဆိုတော့ လမ်းစရိတ်ကလည်းကြီးတာပေါ့။ ဒီကာလက ပုံမှန်ထက် ရောင်းအားကျတယ်။ ထက်ဝက် နီးပါးကိုကျသွားတယ်။ ပင်လယ်ထွက်ကုန် အဓိကသုံးတာက စားသောက်ဆိုင်တွေပေါ့။ ပင်လယ်ထွက်ကုန်ကို ကျွန်တော်တို့ဆီမှာ ဟော့ပေါ့ဆိုင်တွေက သုံးတာများတယ်။ စားသောက်ဆိုင်တွေ ပိတ်ထားရတော့ အရောင်းအဝယ်က တစ်ဝက်လောက်ကျတယ် ။ ဈေးဖွင့်ချိန်ကလည်း အကန့်အသတ်ရှိတော့ ရောင်းဖို့အချိန်သိပ်မရတော့ အရင်လောက်မရောင်းရဘူးပေါ့” လိုပြောခဲ့ပါတယ်။
 
COVID-19 ကူးစက်ဖြစ်ပွားသူဦးရေ များလာတဲ့အတွက် ကူးစက်မှု ထိန်းနိုင်ရန် သီရိမာလာဈေးကဈေးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၂ရက်မှ ၁၈ရက်အထိ ယာယီပိတ်ခဲ့ရပြီး ပြန်လည်ရောင်းချခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သီရိမာလာငါးဈေးကို ပုံမှန်အားဖြင့် ၂၄နာရီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် အချိန်အကန့်အသတ်ဖြင့် နံနက် ၄ နာရီမှ ၆နာရီအထိတစ်ကြိမ်နှင့် နံနက် ၁၁နာရီမှ ည ၈နာရီတစ်ကြိမ်ဖြင့် နှစ်ကြိမ် ဖွင့်လှစ်ရောင်းချခွင့် ပြုထားတယ်လို့ သိရပါတယ်။
 
သီရိမာလာဈေးမှာ လက်ကားဈေးကြီး ဖြစ်ကာ မန္တလေးမြို့အပြင် အထက်မြန်မာပြည်ရှိ မြို့များသို့လည်း တင်ပို့ ရောင်းချနေသည့် ဈေးတစ်ခုဖြစ်ပြီး လက်ရှိတွင် ဈေးအား စည်ပင်သာယာရေး ကော်မတီမှ တစ်ရက်လျှင် ဖွင့်လှစ် ချိန် နှစ်ချိန်ကန့်သတ်ကာ ဖွင့်လှစ်ခွင့်ပြုထားတာဖြစ်ပါတယ်။ 
 
သီရိမာလာဈေးတွင် ရေထွက်ကုန်နှင့် ပန်း၊ ဟင်းသီးရွက် လက်ကား‌ ရောင်းချသည့် ဆိုင်ခန်းပွဲရုံပေါင်း ၄၇၀ ကျော်ရှိ ကာ၊ ပျံကျဈေးသည်ပေါင်း ၂၀၀ ခန့်ကျော်ရှိတယ်လို့ သိရပါတယ်။ 
 
 
ကိုအောင်မှူး(မန္တလေး)
မန္တလေး၊ ဇန်နဝါရီ ၂၃
 
(  Zawgyi  )
 
 ေရထြက္ကုန္ပစၥည္းေတြျဖစ္တဲ့ ငါး၊ ပုစြန္ အဓိက လက္ကား ျဖန႔္ျဖဴး ေရာင္းခ်ေနတဲ့ မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ကမ္းနားလမ္းရွိ သီရိမာလာေဈးကို အခ်ိန္ပိုင္းျဖင့္ ျပန္လည္ေရာင္းခ်ခြင့္ျပဳလ်က္ရွိရာ လာေရာက္ဝယ္ယူ သူနည္းပါးတဲ့အတြက္ အေရာင္းအဝယ္ ေအးေနတယ္လို႔ သိရပါတယ္။ 
 
လက္ရွိမွာ သီရိမာလာငါးေဈးကို ျပန္လည္ဖြင့္လွစ္ထားေသာ္လည္း ကိုဗစ္ကာလျဖစ္တဲ့အတြက္ ေဈးသို႔လာ ေရာက္ဝယ္သူ အေရအတြက္မွာ ပုံမွန္ထက္နည္းပါးသလို အခ်ိန္ပိုင္းျဖင့္ဖြင့္လွစ္ရသည့္အတြက္ အေရာင္းအဝယ္ မွာလည္း ပုံမွန္ထက္က်ဆင္းေနျခင္းျဖစ္တယ္ လို႔  ေ႐ႊပင္လယ္ငါးပုစြန္ေရာင္းဝယ္ေရးလုပ္ငန္း  ပိုင္ရွင္ ဦးဝင္းၫြန႔္က ေျပာပါတယ္။ 
 
“ေဈးကြက္အေျခေနမွာ အေရာင္းအဝယ္က ေအးတာေပါ့။ ဆိုင္ေတြကလည္းအခုမွ ျပန္ဖြင့္တာဆိုေတာ့ လာမဝယ္ ၾကေသးဘူး။အခုေဈးေတြျပန္ဖြင့္ေပမယ့္ လူေတြက မသြားရဲမလာရဲၾကေသးေတာ့ဝယ္တဲ့သူနည္းတာေပါ့။ ေနာက္ၿပီး ပင္လယ္ထြက္ကုန္ပစၥည္းက ဒီရာသီမွာရွားတယ္။ ရွာရခက္ေတာ့ ဒီကိုေရာက္ရင္ ေဈးကျမင့္သြားတယ္။ ရခိုင္ က ေနလာတာဆိုေတာ့ လမ္းစရိတ္ကလည္းႀကီးတာေပါ့။ ဒီကာလက ပုံမွန္ထက္ ေရာင္းအားက်တယ္။ ထက္ဝက္ နီးပါးကိုက်သြားတယ္။ ပင္လယ္ထြက္ကုန္ အဓိကသုံးတာက စားေသာက္ဆိုင္ေတြေပါ့။ ပင္လယ္ထြက္ကုန္ကို ကြၽန္ေတာ္တို႔ဆီမွာ ေဟာ့ေပါ့ဆိုင္ေတြက သုံးတာမ်ားတယ္။ စားေသာက္ဆိုင္ေတြ ပိတ္ထားရေတာ့ အေရာင္းအဝယ္က တစ္ဝက္ေလာက္က်တယ္ ။ ေဈးဖြင့္ခ်ိန္ကလည္း အကန႔္အသတ္ရွိေတာ့ ေရာင္းဖို႔အခ်ိန္သိပ္မရေတာ့ အရင္ေလာက္မေရာင္းရဘူးေပါ့” လိုေျပာခဲ့ပါတယ္။
 
COVID-19 ကူးစက္ျဖစ္ပြားသူဦးေရ မ်ားလာတဲ့အတြက္ ကူးစက္မႈ ထိန္းႏိုင္ရန္ သီရိမာလာေဈးကေဈးကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ ၁၂ရက္မွ ၁၈ရက္အထိ ယာယီပိတ္ခဲ့ရၿပီး ျပန္လည္ေရာင္းခ်ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ သီရိမာလာငါးေဈးကို ပုံမွန္အားျဖင့္ ၂၄နာရီ ဖြင့္လွစ္ေရာင္းခ်ခြင့္ျပဳခဲ့ေသာ္လည္း လက္ရွိတြင္ အခ်ိန္အကန႔္အသတ္ျဖင့္ နံနက္ ၄ နာရီမွ ၆နာရီအထိတစ္ႀကိမ္ႏွင့္ နံနက္ ၁၁နာရီမွ ည ၈နာရီတစ္ႀကိမ္ျဖင့္ ႏွစ္ႀကိမ္ ဖြင့္လွစ္ေရာင္းခ်ခြင့္ ျပဳထားတယ္လို႔ သိရပါတယ္။
 
သီရိမာလာေဈးမွာ လက္ကားေဈးႀကီး ျဖစ္ကာ မႏၲေလးၿမိဳ႕အျပင္ အထက္ျမန္မာျပည္ရွိ ၿမိဳ႕မ်ားသို႔လည္း တင္ပို႔ ေရာင္းခ်ေနသည့္ ေဈးတစ္ခုျဖစ္ၿပီး လက္ရွိတြင္ ေဈးအား စည္ပင္သာယာေရး ေကာ္မတီမွ တစ္ရက္လွ်င္ ဖြင့္လွစ္ ခ်ိန္ ႏွစ္ခ်ိန္ကန႔္သတ္ကာ ဖြင့္လွစ္ခြင့္ျပဳထားတာျဖစ္ပါတယ္။ 
 
သီရိမာလာေဈးတြင္ ေရထြက္ကုန္ႏွင့္ ပန္း၊ ဟင္းသီး႐ြက္ လက္ကား‌ ေရာင္းခ်သည့္ ဆိုင္ခန္းပြဲ႐ုံေပါင္း ၄၇၀ ေက်ာ္ရွိ ကာ၊ ပ်ံက်ေဈးသည္ေပါင္း ၂၀၀ ခန႔္ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ 
 
 
ကိုေအာင္မႉး(မႏၲေလး)
မႏၲေလး၊ ဇန္နဝါရီ ၂၃