
【 ပြည်တွင်း 】 ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ China International Travel Mart (CITM) ပွဲတော်မှာ မြန်နိုင်ငံက ပါဝင်ပြသခဲ့
ရန်ကုန်၊ နိုဝင်ဘာ - ၂၁
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ China International Travel Mart (CITM) ပွဲတော်မှာ မြန်နိုင်ငံကလည်း ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ပြည်တွင်း လေကြောင်းစီမံခန့်ခွဲမှုဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ ကြီးမှူးကျင်းပသည့်China International Travel Mart(CITM) ပွဲတော်ကို ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Centre ၌ နိုဝင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းပွဲတော်တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှလည်း မြန်မာ့ကျောက်မျက်များ၊ ဒေသထွက်ကုန်အစားအစာများ ပါဝင်ပြသ ရောင်းချခဲ့ကြောင်း သိရပါတယ်။
ထို့အတူ နိုင်ငံပေါင်း (၇၀) ကျော်မှ နိုင်ငံတကာခရီးသွားအေဂျင်စီလုပ်ငန်းပေါင်း ၁၀၀၀ နီးပါးကလည်း ပြခန်းပေါင်း (၄၀၀၀) ခန့်ဖြင့် ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများနှင့် မိသားစုများကလည်း ပြခန်းပြသ ပါဝင်ဆင်နွှဲခဲ့ကြကာ ရိုးရာလက်မှုပစ္စည်းများနှင့် ရိုးရာအစားအစာများ ခင်းကျင်းမိတ်ဆက်ပြသ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်း လည်ပတ်စရာ နေရာများစွာကို ပုံနှိပ်ထုတ်ဝေထားသည့် လက်ကမ်းစာစောင်အမျိုးမျိုးကို ဝေငှဖိတ်ခေါ်ပေးခြင်း၊ မြန်မာနိုင်ငံခရီးသွားရှုခင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ ပြသကြော်ငြာပေးခြင်းများကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အောင်အောင်