【 ပြည်တွင်း 】 တစ်လကျော်အတွင်း တရုတ်နိုင်ငံသား တစ်သောင်းကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့

【 ပြည်တွင်း 】 တစ်လကျော်အတွင်း တရုတ်နိုင်ငံသား တစ်သောင်းကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ - ၅

နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သူများအား ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ တစ်လကျော်အတွင်းမှာ တရုတ်နိုင်ငံသား ၁၁,၀၇၉ ဦးအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ဒီဇင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၆၈ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့သလို ဒီဇင်ဘာ ၄ ရက်တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၂၇ ဦးကို ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ စုစုပေါင်း ၁၁,၀၇၉ ဦးတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည့် တရုတ်နိုင်ငံသားထဲတွင် အမျိုးသား ၉၈၇၀ ဦးနဲ့အမျိုးသမီး ၁၂၀၉ ဦး ပါဝင်ကြောင်း သိရပါတယ်။

အောင်အောင်