
【 ပြည်တွင်း 】 တစ်လအတွင်း ဘိလပ်မြေတန်ချိန် ၇၇၀၀ ကျော် တင်သွင်းခဲ့
ရန်ကုန်၊ နိုဝင်ဘာ - ၁၉
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း ထိုင်းနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့ကနေ ဘိလပ်မြေတန်ချိန် ၇၇၀၀ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အောက်တိုဘာလအတွင်း ပြည်ပမှ ဘိလပ်မြေ တင်သွင်းမှုတွင် ထိုင်းနိုင်ငံကနေ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဘိလပ်မြေတန်ချိန် ၇၂၀၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အလားတူ ယူအေအီးနိုင်ငံမှလည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ဘိလပ်မြေတန်ချိန် ၅၀၀ ကျော် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှတစ်ဆင့် ဘိလပ်မြေတန်ချိန် ၁၆၄၀၀ ကျော် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံများကနေ အောက်တိုဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုဟာ စက်တင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၉၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
အောင်အောင်