【 ပြည်တွင်း 】 တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းကျော်နှင့် ဘိလပ်မြေတန်ချိန် နှစ်ရာကျော် တင်သွင်းခဲ့

【 ပြည်တွင်း 】 တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းကျော်နှင့် ဘိလပ်မြေတန်ချိန် နှစ်ရာကျော် တင်သွင်းခဲ့

ရန်ကုန်၊ စက်တင်ဘာ - ၁၈

၂၀၂၃ ခုနှစ် သြဂုတ်လတစ်လအတွင်း တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းကျော်နှင့် ဘိလပ်မြေတန်ချိန် နှစ်ရာကျော် တင်သွင်းခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံမှ သြဂုတ်လအတွင်း ဓာတ်မြေသြဇာတင်သွင်းမှုတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တန်ချိန် ၇ သောင်းခန့် တင်သွင်းခဲ့သလို နယ်စပ်လမ်းကြောင်းမှလည်း ဓာတ်မြေသြဇာတန်ချိန် ၃၈၀၀၀ ခန့် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ်လအတွင်းမှာပဲ တရုတ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၀၀ ကျော်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြည်ပနိုင်ငံများမှ ဓာတ်မြေသြဇာတင်သွင်းမှုတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ကန်ဒေါ်လာ ၆၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၅၀,၀၀၀ ကျော် တင်သွင်းခဲ့သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း ကန်ဒေါ်လာ ၁၂ ဒသမ ၂၂၃ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၄၀၀၀၀ ကျော် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဘိလပ်မြေတင်သွင်းမှုတွင်လည်း ပင်လယ်ရေကြောင်းမှတစ်ဆင့် တန်ချိန် ၃၀၀၀ ကျော် တင်သွင်းခဲ့သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း တန်ချိန် ၂၀၀၀၀ ခန့် တင်သွင်းခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်အောင်