【 ပြည်တွင်း 】 နယ်စပ်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ဟု ထုတ်ပြန်

【 ပြည်တွင်း 】 နယ်စပ်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ဟု ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ - ၂၀

နယ်စပ်ဒေသများ၌ တရားမဝင်ဝ င်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသားအမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့တာလို့ ဆိုပါတယ်။

၎င်းတို့ကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အောင်အောင်
Photo - MOI