【 ပြည်တွင်း 】 နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၇၀,၀၀၀ ကျော် တင်ပို့ခဲ့

【 ပြည်တွင်း 】 နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၇၀,၀၀၀ ကျော် တင်ပို့ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ - ၅

ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၇၀,၀၀၀ ကျော် တင်ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ တစ်လအတွင်းမှာ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ဆန်တန်ချိန် စုစုပေါင်း ၉၄,၂၀၀ ကျော် တင်ပို့ခဲ့ပြီး၊ ဆန်ကွဲကိုတော့ တန်ချိန် ၈၁,၇၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြည်ပသို့ ဆန်တင်ပို့မှုတွင် အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး  ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်၊ မလေးရှားနှင့် အခြားပြည်ပနိုင်ငံပေါင်း ၂၀ သို့ တင်ပို့ခဲ့သလို ဆန်ကွဲတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ အများဆုံးဖြစ်ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်အပါအဝင် အခြားပြည်ပနိုင်ငံ ၈ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၈၄,၀၀၀ ကျော် တင်ပို့ခဲ့သလို အောက်တိုဘာလအတွင်းမှာတော့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၂၀,၀၀၀ နီးပါး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်အောင်