【 ပြည်တွင်း 】 နှစ်လနီးပါးကာလအတွင်း နယ်စပ်တွင် တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား နှစ်ထောင်ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့

【 ပြည်တွင်း 】 နှစ်လနီးပါးကာလအတွင်း နယ်စပ်တွင် တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား နှစ်ထောင်ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၁

နှစ်လနီးပါးကာလအတွင်း နယ်စပ်ဒေသတွင် တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊  စုစုပေါင်း ၁၀၄၂ ဦးတို့အား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀  ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသများတွင် တရားမဝင် ဝင်‌ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အောင်အောင်