【 ပြည်တွင်း 】 ပဲမျိုးစုံတင်ပို့မှု ဆယ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော်ရရှိ

【 ပြည်တွင်း 】 ပဲမျိုးစုံတင်ပို့မှု ဆယ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၀

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးကို တင်ပို့ရာမှာ ဆယ်လအတွင်း အမေရိကန်ဒေါ်လ သန်း ၁၁၀၀ ကျော်ရရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းအရ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ဆယ်လအတွင်း ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတင်ပို့မှ  (၁၁၈၀၀၇၁.၆၁၈) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀၃.၆၈၁) သန်းရှိခဲ့ပြီး နယ်စပ်မှ (၁၃၉၁၃၂.၃၅၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉.၇၃၃) သန်း၊ စုစုပေါင်း (၁၃၁၉၂၀၃.၉၇၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၂၃.၄၁၄) သန်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာရင်းတွေအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့  အခြားပဲတွေလည်း စိုက်ပျိုးတယ်လို့ သိရပါတယ်။

နောင်နောင်
Photo Credit - Global New Light Of Myanmar