【 ပြည်တွင်း 】 ပြည်တွင်းမှ ကွမ်းသီးများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေရ

【 ပြည်တွင်း 】 ပြည်တွင်းမှ ကွမ်းသီးများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၂
 
မြန်မာနိုင်ငံ စိုက်ပျိုးထွက်ရှိတဲ့ ကွမ်းသီးများကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေရကြောင်း သိရပါတယ်။
 
ပြည်တွင်းမှ ကွမ်းသီးတွေကို တရုတ်နိုင်ငံကို အဓိကတင်ပို့လျက်ရှိသလို ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလည်း ဝယ်ယူလျက်ရှိကာ အကောက်ခွန်ကင်းလွတ်ခွင့် (သုညရာခိုင်နှုန်း) ရရှိထားကြောင်း သိရပါတယ်။
 
မြန်မာနိုင်ငံမှာ ကွမ်းသီးတွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်မှာ ယိုးဒယားမျိုးကွမ်းသီးအဝိုင်းနဲ့ ဒေသမျိုး ကွမ်းသီးအချွန်တို့ကို အများအပြားစိုက်ပျိုးကြ ကြောင်း သိရပါတယ်။
 
အလားတူ မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံတစ်ခုတည်းကိုပဲ အဓိထား တင်ပို့နေရကြောင်း သိရပါတယ်။
 
မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်တွင် ကွမ်းသီးစိုက်ပျိုးထားရှိပြီး ရေးမြို့နယ်၌ အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်အတွင်း ပြည်ပဖောက်သည်ဈေးကွက် နိုင်ငံတွေထံ ကွမ်းသီးတန်ချိန် ၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။
 
အောင်အောင်