【 ပြည်တွင်း 】 မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်နိုင်ရေး ဆောင်ရွက်နေ

【 ပြည်တွင်း 】 မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်နိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်၊ စက်တင်ဘာ - ၂၅

မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ပြည်အတွင်းသို့ နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်နိုင်ရေး ဆောင်ရွက်နေတယ်လို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

မကြာမီကာလအတွင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများဟာ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာနိုင်တော့မည်ဖြစ်ပြီး လက်ရှိတွင် လိုအပ်သော ဝန်ထမ်းအင်အား၊ စက်ကိရိယာပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်နေကြောင်း သိရပါတယ်။

မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေးဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့် ဂိတ်များဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) ဖြင့်သာ ဖြတ်သန်းခွင့်ပြုခဲ့ရာမှ နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့်ပါ ခွင့်ပြုပေးလျက်ရှိရာ နယ်စပ်ဂိတ်များမှ ဝင်ထွက်မှုကလည်း ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

အောင်အောင်