【 ပြည်တွင်း 】 ရန်ကုန်တိုင်းအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၀၀ ကျော်ရှိ

【 ပြည်တွင်း 】 ရန်ကုန်တိုင်းအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၀၀ ကျော်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၁
 
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအနက် ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်မှာ ၄၂၃ ခုရှိကြောင်း သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
 
ရန်ကုန်တိုင်းအတွင်း၌ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄၂၃) ခုရှိရာ ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၂,၅၆၁ ဒသမ ၈၄၇ သန်းရှိတယ်လို့ သိရပါတယ်။
 
အဆိုပါကာလအတွင်း  မြန်မာတစ်နိုင်ငံလုံးတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းအရေအတွက်ဟာလည်း (၆၁၆) ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၁,၉၄၈.၅၃၈ သန်းရှိတယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံမှုများအနက် ရန်ကုန်တိုင်းအတွင်း အများဆုံးပါဝင်ကြောင်း သိရပါတယ်။
 
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၀၀ ကျော်မှာ လျှပ်စစ်ကဏ္ဍတွင် အများဆုံးဖြစ်၍ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလျံ တန်ဖိုးဖြစ်ကာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။
 
အောင်အောင်