【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော်တွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပမည်

【 ပြည်တွင်း 】 ရွှေတိဂုံစေတီတော်တွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၁
 
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အဆိုပါထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီတွင် အရှေ့ဘက် အောက်ပစ္စယာ၌ ရွှေတိဂုံစေတီတော် ဗုဒ္ဓဝေယျာ၀စ္စအသင်း၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ရုံးဌာနများပါဝင်သည့် အသင်း ၂၈ သင်းတို့ဖြင့် စုပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
ဒါ့အပြင် တပို့တွဲလပြည့်  ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဧည့်ခန်းတန်ဆောင်းနှင့် အာရုံခံတန်ဆောင်းများ၌ ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ဩဝါဒပါတိမောက် အခါတော်နေ့ အခမ်းအနား ကျင်းပခြင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ ဩဝါဒစရိယဆရာတော်များနှင့် သံယာတော် (၆၄) ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိန်းလောင်းလှူခြင်း စသည့် အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
လင်းလင်း
Photo Credit - Myanmardigitalnewspaper