【 ပြည်တွင်း 】 ၈ လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူပေါင်း ၆၀၀၀ နီးပါး ဖမ်းဆီးအရေးယူခဲ့

【 ပြည်တွင်း 】 ၈ လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူပေါင်း ၆၀၀၀ နီးပါး ဖမ်းဆီးအရေးယူခဲ့

ရန်ကုန်၊ အောက်တိုဘာ - ၂

အခုနှစ် ၈ လတာကာလအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူပေါင်း ၆၀၀၀ နီးပါး ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄,၃၈၀ မှုရှိခဲ့ပြီး တရားခံပေါင်း ၅,၉၇၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးမှုများတွင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲတွင် စုစုပေါင်းတန်ဖိုး ကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိ ကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) ရှိသည့်  မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

အောင်အောင်