【 ပြည်တွင်း 】RCEP စီးပွားရေးနှင့်ကုန်သွယ်မှုကုန်စည်ပြပွဲတွင် မြန်မာလယ်ယာထွက်ကုန်နှင့် လက်မှုပစ္စည်းများ ပါဝင်ပြသ

【 ပြည်တွင်း 】RCEP စီးပွားရေးနှင့်ကုန်သွယ်မှုကုန်စည်ပြပွဲတွင် မြန်မာလယ်ယာထွက်ကုန်နှင့် လက်မှုပစ္စည်းများ ပါဝင်ပြသ

တရုတ်နိုင်ငံငံ ၊ ဟူနန်ပြည်နယ်မှာ ကျင်းပသော RCEP စီးပွားရေးနှင့် ကုန်သွယ်မှုကုန်စည်ပြပွဲတွင် မြန်မာလယ်ယာထွက်ကုန်နှင့် လက်မှုပစ္စည်းများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။

မေလ ၅ ရက်နေ့တွင် ပထမအကြိမ် ဟူနန် (ဟွမ်းဟွာ) RCEP စီးပွားရေးနှင့် ကုန်သွယ်မှု ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ကုန်စည်ပြပွဲတွင် မြန်မာ၊ လာအို ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့ အပါအဝင် RCEP နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ အထူးကုန်စည်ပြပွဲများအား ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံပြခန်း၌ ပါဝင်တက်ရောက်ကြသည့် လုပ်ငန်းအဖွဲ့များသည် မြန်မာ့ဆန်၊ ဆန်ကွဲ၊ သရက်သီး၊ ကော်ဖီ၊ ပယင်း၊ သစ်သားလက်မှုပစ္စည်းစသည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် လက်မှုပစ္စည်းများကို ပြသခဲ့တာလို့ သိရပါတယ်။

ယခုအကြိမ်ကုန်စည်ပြပွဲသည် "ပူးပေါင်းဆောင်ရွက်မှုအသစ်၊ အခွင့်အလမ်းအသစ်၊ အနာဂတ်အသစ်" ဟူသော ဆောင်ပုဒ်ဖြင့် RCEP ("ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်") အဖွဲ့ဝင်နိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများ အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်