【 ပြည်တွင်း 】Second ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်ယူသူပိုများလာ

【 ပြည်တွင်း 】Second ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်ယူသူပိုများလာ

မိုလ်ဘိုင်းဖုန်းစျေးကွက်တွင် Second ဖုန်းတွေကို အရစ်ကျနဲ့ ဝယ်ယူမှုမြင့်တက်လာတယ်လို့ ရန်ကုန်မြို့ရှိ မိုလ်ဘိုင်း Second ဖုန်းစျေးကွက်မှ သိရပါတယ်။

မိုလ်ဘိုင်းဖုန်းစျေးကွက်အတွင်း ယခုနှစ်ပိုင်းများတွင် ဖုန်းအသစ်များကိုအရစ်ကျဝယ်ယူနိုင်သလိုမျိုး  Second ဖုန်းစျေးကွက်မှာလည်း အရစ်ကျဝယ်ယူနိုင်တဲ့ဆိုင်များစွာရှိလာပြီး အကြောင်းအမျိုးမျိုးနဲ့ စျေးကွက်တွင်ကျယ် လာတယ်လို့ သိရပါတယ်။

“အရင်တုန်းက ဖုန်းအသစ်(Brand New) တွေပဲ စလုပ်ခဲ့တဲ့စနစ်ပေါ့။ အရစ်ကျစနစ်က။အခုကတော့ Second စျေးကွက်မှာလည်း အရစ်ကျက ခေတ်စားလာတယ်။စိတ်ဝင်စားသူပိုများလာသလို ရောင်းအားတက်လာတယ်။ အမြင့်ဖုန်းလိုချင်တယ် စျေးလဲသက်သာချင်တယ်ဆိုတဲ့အခါမျိုးမှာရွေးချယ်ကြသလို အနိမ့်ဖုန်းပေမယ့်လည်း ငွေ ကြေး အကုန်မခံနိုင်လို့ အရစ်ကျနဲ့ဝယ်တာမျိုးတွေများလာတာ။” လို့ ရန်ကုန်မြို့ ၊လှိုင်မြို့နယ်မှ Second ဖုန်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုနှစ်မိုလ်ဘိုင်းဖုန်းစျေးကွက်မှာ နိုင်ငံခြားငွေဒေါ်လာစျေးနှုန်းတွေမြင့်တက်ခဲ့လို့ စျေးနှုန်းတွေအဆမတန်မြင့်တက်ခဲ့ပြီး ယခုစက်တင်ဘာလကုန်ပိုင်းမှာတော့ ဖုန်းအမျိုးအစားအလိုက် စျေးအနည်းငယ်ပြန်လည်ကျဆင်းလာတာတွေ ရှိပေမယ့် စျေးနှုန်းတွေကပုံမှန်အခြေအနေရောက်ဖို့တော့ မလွယ်သေးဘူးလို့ ဖုန်းအရောင်းအဝယ် ပြုလုပ်သူတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

ရန်ကုန် ၊ အောက်တိုဘာ ၁