【 အားကစား 】 ချစ်သူရဲ့အဝေးမှာ ပျော်ရွှင်နေတဲ့ ဂျော်ဂျင်ဟို

【 အားကစား 】 ချစ်သူရဲ့အဝေးမှာ ပျော်ရွှင်နေတဲ့  ဂျော်ဂျင်ဟို

အီတလီလက်ရွေးစင်နဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ချစ်သူရဲ့အဝေးကို ရောက်ရှိနေပြီးနောက် ချိန်းတွေ့ဆော့ဖ်ဝဲလ် (Dating app) မှာ အကောင့်ဖွင့်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရပ်နားထားတဲ့ ရက်သတ္တပတ်မှာ ဂျော်ဂျင်ဟိုနဲ့ ချဲလ်ဆီးအသင်းဖော်တွေဟာ ဖလော်ရီဒါကို သွားရောက်အနားယူခဲ့ကြတာဖြစ်ပါတယ်။ဂျော်ဂျင်ဟိုကတော့ သူ့ရဲ့ အတူနေချစ်သူနဲ့ သားလေးကိုတော့ လန်ဒန်အိမ်မှာ ထားခဲ့ရပါတယ်။

ချဲလ်ဆီး ကြယ်ပွင့် ဂျော်ဂျင်ဟိုအနေနဲ့ ချဲလ်ဆီးအသင်းဖော်များနဲ့ မိုင်ယာမီကို ရောက်ရှိနေပြီးနောက် ကျော်ကြားသူများ ချိန်းတွေ့သည့် ဆော့ဖ်ဝဲလ် "Raya" မှာ အကောင့်တစ်ခုဖွင့်ခဲ့ပါတယ်။

ဂျော်ဂျင်ဟိုရဲ့ "Raya" ချိန်းတွေ့ဆော့ဖ်ဝဲလ် ပရိုဖိုင်မှာ ချဲလ်ဆီး ဒါမှမဟုတ် အီတလီအသင်းအတွက် ကစားနေတဲ့ပုံတွေ တင်ထားပြီး၊ အဝတ်ဗလာနဲ့ ဓာတ်ပုံကိုလည်း တင်ထားခဲ့ပါသေးတယ်။ဒါ့အပြင် ဂျော်ဂျင်ဟို ၎င်းရဲ့ "Raya" ပရိုဖိုင်ကို Follower ၃.၁ သန်းရှိတဲ့ တရားဝင် Instagram လူမှုကွန်ယက်အကောင့်နဲ့ ချိတ်ဆက်ထားပါသေးတယ်။

ချဲလ်ဆီးအသင်း ကြယ်ပွင့် ဂျော်ဂျင်ဟိုအနေနဲ့ ၈ နှစ်ကြာလက်တွဲခဲ့တဲ့ ဇနီးဖြစ်သူ နာတာလီယာ လက်တီရီနဲ့ လမ်းခွဲပြီးနောက် Voice UK ပြိုင်ပွဲဝင်ဟောင်း ကက်သရင်း ဟာဒင်းနဲ့ လွန်ခဲ့သော ၂၀၂၀ ခုနှစ်က စတင်တွဲခုတ်လာတာပါ။ကက်သရင်းဟာ ဂျော်ဂျင်ဟိုအတွက် သားလေး Jax ကို မွေးဖွားပေးခဲ့ပါတယ်။ဒါ့အပြင် ကက်သရင်းဟာ ယခင်တုန်းက သရုပ်ဆောင်မင်းသား ဂျုဒ်လောနဲ့လည်း သမီးတစ်ဦးရှိခဲ့ဖူးပါသေးတယ်။

လတ်တလောမှာတော့ ဂျော်ဂျင်ဟို ချိန်းတွေ့ဆော့ဖ်ဝဲလ်မှာ အကောင့်ဖွင့်မှုအပေါ် ချစ်သူဖြစ်သူ ကက်သရင်းဘက်ကတော့ မှတ်ချက်ပြုထားခြင်း မရှိသေးပါဘူး။

Linko
Ref - The Sun
ဖလော်ရီဒါ၊ ဇန်နဝါရီ - ၂၈