【 အားကစား 】 ချဲလ်ဆီးကစားသမားတွေ ကိုဗစ်ဘေးကနေ လွတ်လာပြီ

【 အားကစား 】 ချဲလ်ဆီးကစားသမားတွေ ကိုဗစ်ဘေးကနေ လွတ်လာပြီ

ချဲလ်ဆီးအသင်း နည်းပြ သောမတ်စ် တူချယ်လ်မှ တိုက်စစ်မှူး လူကာကူနဲ့ တောင်ပံကစားသမား အိုဒွိုင်းတို့ဟာ ကိုဗစ်ကင်းစင်ခဲ့ပြီဖြစ်ပြီး အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပြန်လည်ပူးပေါင်းနေခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ လူကာကူနဲ့ အိုဒွိုင်းတို့ဟာ ယခုနောက်ဆုံးအကြိမ် စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ပိုးကင်းစင်ကြောင်း Negative အဖြေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

ယူကေနိုင်ငံတစ်ဝန်းမှာ အိုမီခရွန်မျိုးကွဲကူးစက်မှု မြင့်မားနေတာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာလည်း ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အသင်းများထဲမှာ စပါး၊ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကတော့ ရောဂါပိုးကူးစက်မှုဒဏ်ကို ပိုမိုခံစားခဲ့ကြရပြီး၊ စပါးနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်တွေဟာ ရွှေ့ဆိုင်းဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ ပွဲစဉ်များကို ကစားသမားများ မစုံလင်ဘဲ ဆက်လက်ကစားခဲ့ရပါတယ်။

ယနေ့ နံနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာလည်း ချဲလ်ဆီးအသင်းဟာ မျက်နှာသစ် လူငယ်ကစားသမား ၃ ဦးကို ပွဲထုတ်ကစားခဲ့ရပါတယ်။

ကိုဗစ်ကူးစက်မှုအတွင်း ချဲလ်ဆီးအသင်းဟာ ရလဒ်ဆိုးများ ကြုံတွေ့ခဲ့ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှ ဆင်းသက်ပေးခဲ့ရပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲဆက် သရေ ရလဒ်သာ ရရှိခဲ့တဲ့အတွက် လက်ရှိမှာ အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးအသင်းနဲ့ ၆ မှတ်အထိ ကွာဟခဲ့ပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ရဲ့ ကစားသမားများဟာလည်း ကိုဗစ်ကင်းစင်ပြီဖြစ်တာကြောင့် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်များကို ပူးပေါင်းနေကြပြီဖြစ်ပါတယ်။

ဒဏ်ရာပြဿနာများကြုံတွေ့နေရတဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်း ပေါင် သန်း ၁၀၀ အထိ အသုံးစရိတ်ကို သုံးစွဲနိုင်ခြေရှိနေပြီး၊ ဝုဗ်အသင်းမှ ကွင်းလယ်ကစားသမား ရူဘင် နီဗက်စ်၊ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ဆီဗီးလားအသင်း နောက်ခံလူ ဂျူးလက်စ် ကွန်ဒီတို့ကို ခေါ်ယူရေး ချိတ်ဆက်လျက်ရှိနေပါတယ်။

Linko
လန်ဒန်၊ ဒီဇင်ဘာ - ၂၃