【 အားကစား 】 စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး အာစင်ဝင်းဂါးမှ ဆိုးလ်ရှား ကို သတိပေး

【 အားကစား 】 စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး အာစင်ဝင်းဂါးမှ ဆိုးလ်ရှား ကို သတိပေး

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးမှ မန်ယူနည်းပြ ဆိုးလ်ရှား ကို စီရော်နယ်လ်ဒိုနဲ့ပတ်သက်သည့် ကြီးမားသော စိန်ခေါ်မှုများအား အဖြေရှာရန်လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းဆီသို့ အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းထံကနေ ၂၀၀၉ ခုနှစ်မှာ ထွက်ခွာသွားပြီးနောက် ၁၂ နှစ်အကြာ ၂၀၂၁ ခုနှစ်မှာတော့ မန်ယူအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။စီရော်နယ်လ်ဒိုနဲ့ မန်ယူအသင်းတို့ ပြန်လည်ပေါင်းစည်းခဲ့ပြီဖြစ်ပေမယ့် အာဆင်နယ်အသင်း နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ စီရော်နယ်လ်ဒို ကို ပြန်လည်ခေါ်ယူမှုဟာ လုံးဝကို စဉ်းစားဆင်ခြင်မှုမရှိကြောင်းနဲ့ အသင်းတွင်း ဟန်ချက်ညီမှုကို မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ရှာဖွေရမယ်လို့ သတိပေးခဲ့ပါတယ်။

အာစင်ဝင်းဂါး က စီရော်နယ်လ်ဒို ကို ပြန်လည်ခေါ်ယူမှုဟာ စိတ်ခံစားချက်တွေကြောင့်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

"ဒါဟာ ခင်ဗျားတို့မြင်ချင်နေကြတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ" လို့ အသက် ၇၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အာဆင်နယ် နည်းပြဟောင်း ဝင်းဂါးမှ ပြောကြားခဲ့ပါတယ်။

"စီရော်နယ်လ်ဒို ကို စိတ်ခံစားချက်တွေနဲ့ လက်မှတ်ထိုးခေါ်ယူခဲ့တယ်၊ ကျနော့အထင်က ဒီဆုံးဖြတ်ချက်ဟာ ၁၀၀ ရာခိုင်နှုန်းကို ကျိုးကြောင်းဆီလျော်မှုမရှိဘူး" လို့ ဝင်းဂါး က ဆိုပါတယ်။

ဒါ့အပြင် ဝင်းဂါးမှာ "ဆိုးလ်ရှားအနေနဲ့ အသင်းတွင်း ဟန်ချက်မှုကိုရှာဖွေဖို့ လိုအပ်နေပါပြီ" လို့ သတိပေးခဲ့ပါသေးတယ်။

အာစင်ဝင်းဂါး ထောက်ပြခဲ့သလိုပဲ မန်ယူပရိတ်သတ်အချို့ကတော့ စီရော်နယ်လ်ဒိုထက် ကွင်းလယ်အဖျက်ကစားသမားတစ်ဦးကို ခေါ်ယူခြင်းက ပိုမိုဖြစ်သင့်တဲ့ အပြောင်းအရွှေ့လို့ ယူဆနေကြလျက်ရှိပါတယ်။

စီရော်နယ်လ်ဒို ကို‌ ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့အကြောင်းကို "သူ (စီရော်နယ်လ်ဒို) ကျနော်တို့ရဲ့ အာဆင်နယ်အသင်း လေ့ကျင့်ရေးကွင်းကို ရောက်ခဲ့တယ်၊ အာဆင်နယ်အသင်းရဲ့ အင်္ကျီကိုတောင်ဝတ်ခဲ့သေးတယ် ဒါပေမယ့် ကျနော်တို့ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄ သန်းပဲ ပေးနိုင်တယ်၊ နောက်ပိုင်းမှာတော့ မန်ယူအသင်း နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် က စီရော်နယ်လ်ဒို ကို ယူရို ၁၂ သန်းနဲ့ ခေါ်ယူသွားခဲ့တယ်" လို့ ပြန်ပြောင်း ပြောပြခဲ့ပါ‌ေသးတယ်။

Linko
ဂျာမဏီ၊ စက်တင်ဘာ - ၆