【 အားကစား 】 ဆိုးလ်ရှားဘက်ကနေ အပြည့်အဝရပ်တည်လိုက်တဲ့ ဒီမီတာ ဘာဘာတော့ဗ်

【 အားကစား 】 ဆိုးလ်ရှားဘက်ကနေ အပြည့်အဝရပ်တည်လိုက်တဲ့ ဒီမီတာ ဘာဘာတော့ဗ်

ဘာဘာတော့ဗ်လို့ ဆိုလိုက်တာနဲ့ မန်ယူနဲ့ စပါးအသင်းတို့မှာ ကမ္ဘာကျော်ခဲ့ပြီး ရင်သပ်ရှုမောဖွယ် ဘောလုံးအထိန်းအသိမ်းတွေနဲ့ တိုက်စစ်မှူးကြီးကို ဘောလုံးပရိတ်သတ်တွေ မှတ်မိကြမှာ အသေအချာပါပဲ။

ကစားသမားဘဝကနေ ၂၀၁၈ ခုနှစ်မှာ အနားယူခဲ့တဲ့ ဘူဂေးလ်ရီးယား တိုက်စစ်မှူးကြီးဟာ ယခုတော့ မန်ယူနည်းပြ ဆိုးလ်ရှားဘက်ကနေ အပြည့်အဝရပ်တည်ပေးလိုက်တယ်လို့ သိရပါတယ်။

ဥရောပ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းစ်အသင်းနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက ၂-၁ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ ကစားကွက်တည်ဆောက်ပုံနဲ့ လူစားလဲမှုတွေကို အချို့သော မန်ယူပရိတ်သတ်တွေ စိတ်ရှည်ခြင်းမရှိတော့ပဲ နည်းပြရာထူးထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ဒါပေမယ့် မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်ကတော့ မန်ယူပရိတ်သတ်တွေနဲ့ အမြင်မတူခဲ့ပဲ ဆိုးလ်ရှား ကို ထောက်ခံပေးခဲ့ပါတယ်။

"ဆိုးလ်ရှား လက်ထက်အတွင်း မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၁၁ ပွဲမှာ ၇ ပွဲရှုံးနိမ့်ခဲ့တယ်၊ ဒါဟာ ယူနိုက်တက်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ဘူး၊ ဆွစ်ဇာလန်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဆိုးလ်ရှား ကို ထုတ်ပယ်ရလောက်အောင်တော့ မဖြစ်သင့်ပါဘူး၊ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီး ၃ ပွဲနိုင်ခဲ့တယ်၊ ချန်ပီယံလိဂ်မှာ တစ်ပွဲရှုံးတာနဲ့ ဆိုးလ်ရှားရဲ့ နည်းပြရာထူးကို ထိခိုက်စေမယ် မထင်ဘူး၊ လက်ရှိ ဘောလုံးရာသီအစမှာပဲ ဆိုးလ်ရှားရဲ့ အနာဂတ်ကို ဆွေးနွေးဖို့အတွက် ကျနော့်အနေနဲ့ ဘယ်လိုအကြောင်းပြချက်မှ မမြင်မိဘူး" လို့ မန်ယူရဲ့ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ် က Betfair သို့ ပြောကြားရင်း မန်ယူနည်းပြ ဆိုးလ်ရှားဘက်က ရပ်တည်ခဲ့ပါတယ်။

အချို့ မန်ယူပရိတ်သတ်တွေကတော့ မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ လူထုတ်ပုံတွေ ပွဲအတွင်း ကစားကွက်အပြောင်းအလဲ နှေးကွေးမှုတွေ လူစားလဲမှုတွေကို စိတ်ပျက်လျက်ရှိနေပြီး နည်းပြရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ စက်တင်ဘာ - ၁၇