【 အားကစား 】 ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ဘယ်နိုင်ငံက ဆုအများဆုံးရရှိမလဲ ?

【 အားကစား 】 ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ဘယ်နိုင်ငံက ဆုအများဆုံးရရှိမလဲ ?

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးကတော့ နိုင်ငံအသီးသီးမှ အားကစားသမားတွေရဲ့ အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်မှုနဲ့အတူ စတင်နေပြီဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ ပေကျင်းအိုလံပစ်ပြိုင်ပွဲကြီးမှာ ဘယ်နိုင်ငံက ဆုတံဆပ်အများဆုံး ဆွတ်ခူးနိုင်မလဲဆိုတာပါပဲ။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဖြစ်တဲ့အတွက် ‌နှင်းလျှောစီးအားကစားနည်းမှာ ထူးချွန်တဲ့ နော်ဝေနိုင်ငံဟာ နှင်းများပေါ်မှာ ဆက်လက်စိုးမိုးပြီး ဆုတံဆိပ်တွေ ဆက်လက်ဆွတ်ခူးဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ဂျာမနီနိုင်ငံမှာလည်း လျှောစီးအားကစားမှာ ကမ္ဘာ့ချန်ပီယံ ၁၃ ကြိမ်ဖြစ်ဖူးတဲ့ ဖရန်ဆက်စကို ဖရိုင်းဒရစ်ခ် ရှိ‌နေတာကြောင့် ဆုတံ‌ဆိပ်တွေ ဆွတ်ခူးနေဦးမှာပါ။ဒါပေမဲ့လည်း အမေရိကန်၊ ကနေဒါနဲ့ ROC (ရုရှားအိုလံပစ်ကော်မတီ) တို့ကလည်း ဆုတံဆိပ်ဇယားထိပ်ပိုင်းမှာ အပြင်းအထန်ယှဉ်ပြိုင်မှုတွေ ရှိလာနိုင်ပါတယ်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်သူ တရုတ်နိုင်ငံဟာလည်း အားကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားစွာပြုလုပ်ထားတဲ့အတွက် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားရဖို့ရှိနေပါတယ်။

ဂရိတ်ဗြိတိန် ကိုယ်စားပြု Team GB ကလည်း ဂရိတ်ဗြိတိန်ကို ဆုတံဆိပ်တွေ ဆွတ်ခူးပေးနိုင်မလားဆိုတာလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Linko
Ref - Independent
ဖေဖော်ဝါရီ - ၈