【 အားကစား 】 ဒူဘိုင်းမှာ နိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ ဂျိုကိုဗစ်

【 အားကစား 】 ဒူဘိုင်းမှာ နိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ ဂျိုကိုဗစ်

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်အနေနဲ့ တနင်္လာနေ့ညက အရှေ့အလယ်ပိုင်းမှာ လောရန်ဇို မူဆက်တီ ကို အနိုင်ယူခဲ့ပါတယ်။

အဆိုပါနိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် လွန်ခဲ့တဲ့လက ကိုဗစ်ကာကွယ်ဆေးပြဿနာများကြောင့် သြစတေးလျသို့ ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက်ပိုင်း တစ်နှစ်တာအတွင်း ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။

ဂရန်းဆလမ်းဆုကို အကြိမ် ၂၀ ရရှိထားတဲ့ ဂျိုကိုဗစ်မှ သူဟာ antivaxxer မဟုတ်ဘဲ တစ်ဦးချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ကို ယုံကြည်သူဖြစ်ကြောင်း ဆိုပါတယ်။

ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုခဲ့ပြီး၊ ယခုနှစ် ပထမဆုံး ဂရန်းဆလမ်းပြိုင်ပွဲအတွက် 'ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်' နဲ့ ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

တင်းနစ်အကျော်အမော်ဟာ ပြီးခဲ့တဲ့နှစ်က သြစတေးလျအိုးပင်းပြိုင်ပွဲမှာ ပါဝင်ကစားရန် သြစတေးလျနိုင်ငံတွင်းသို့ ဝင်ရောက်စဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ထို့နောက်မှာတော့ သြစတေးလျဘက်က ဂျိုကိုဗစ်ရဲ့ ဗီဇာနှစ်ခုကို ဖျက်သိမ်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

ဂျိုကိုဗစ်ရဲ့ တင်းနစ်အားကစားသမားဘဝ သက်တမ်းတစ်လျှောက် ဝင်ငွေမှာ ပေါင် ၁၁၄ သန်းကျော် ရရှိပြီးဖြစ်ပြီး၊ ဆုဖလားပေါင်း ၈၆ ကြိမ်နဲ့ ၁၉ နှစ်တာကာလအတွင်း တစ်ဦးချင်းနိုင်ပွဲပေါင်း ၁,၀၀၀ ကို ရယူထားခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမားကတော့ "လာမယ့် ပြိုင်ပွဲများမှာ ကာကွယ်ဆေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းများကို ပြောင်းလဲနိုင်မယ်ဟု မျှော်လင့်ကြောင်း" ပြောကြားပြီး "နောက်ထပ်နှစ်ပေါင်းများစွာ ကာစားချင်ပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ငယ်စဉ်ကလေးဘဝက ကာကွယ်ဆေးများ ထိုးနှံခဲ့ရမှုအပေါ်လည်း ဂျိုကိုဗစ် က ရှင်းပြခဲ့ပြီး "ဒါပေမဲ့ မင်းခန္ဓာကိုယ်ထဲမှာ ထည့်ထားတဲ့ အရာကို ရွေးချယ်ဖို့ လွတ်လပ်စွာရွေးချယ်ခွင့်ကို ငါအမြဲတမ်းထောက်ခံခဲ့တယ်" လို့ ဆိုပါတယ်။

Linko
Ref - thesun
ဖေဖော်ဝါရီ - ၂၂