【 အားကစား 】 ပိုချက်တီနို ကို နည်းပြသစ်အဖြစ် မန်ယူကစားသမားများ မြင်တွေ့လို

【 အားကစား 】 ပိုချက်တီနို ကို နည်းပြသစ်အဖြစ် မန်ယူကစားသမားများ မြင်တွေ့လို

မန်ယူအသင်းဟာ လာမယ့်ရာသီသစ်အတွင်း ဆုဖလားများစိန်ခေါ်နိုင်ရန်အတွက် နည်းပြသစ်တစ်ဦးကိုရှာဖွေလျက်ရှိနေပါတယ်။

မန်ယူအသင်း အဝတ်လဲခန်းထဲမှ ကစားသမားတွေရဲ့ စကားသံတွေအရတော့ စပါးအသင်း နည်းပြဟောင်းဖြစ်သူ မော်ရိုစီယို ပိုချက်တီနို ကို နည်းပြသစ်အဖြစ် မြင်တွေ့လိုကြတယ်လို့ သိရပါတယ်။

မန်ယူအသင်း ကစားသမားတွေဘက်က လက်ရှိ PSG အသင်း နည်းပြဖြစ်သူ ပိုချက်တီနို ကို မန်ယူအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်နေလိုကြပေမယ့် မန်ယူအသင်းကတော့ အေဂျက်အသင်း နည်းပြဖြစ်သူ အဲရစ်ခ် တန်ဟက်ကိုလည်း လာမည့်သီတင်းပတ်တွေအတွင်းမှာ အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြလျက်ရှိပါတယ်။ဒါ့အပြင် လက်ရှိ မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ်ဟာလည်း ဘုတ်အဖွဲ့အပေါ် ယုံကြည်မှုများပေးနိုင်ပါက မန်ယူအသင်းမှာ နည်းပြအဖြစ် ‌ဆက်လက်‌မြင်တွေ့ရဖို့ရှိနေပါသေးတယ်။

လက်ရှိ PSG အသင်း နည်းပြ ပိုချက်တီနိုအနေနဲ့ စပါးအသင်းကို အင်္ဂလန် ပရီးမီးယားလိဂ်မှာ နည်းပြခဲ့ဖူးတဲ့ အချက်ကို မန်ယူအသင်းရဲ့ ကစားသမားတွေဘက်က အဓိကအပြုသဘောဆောင်မှုအဖြစ် ရှုမြင်ကြလျက်ရှိနေပြီး၊ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြ ပိုချက်တီနိုကလည်း PSG အသင်းမှာ ၎င်းရဲ့အနာဂတ် မတည်ငြိမ်နိုင်ဟု ယူဆလျက်လည်းရှိနေပါတယ်။ဒါ့အပြင် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပအင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုပါက နည်းပြ ပိုချက်တီနိုနဲ့  PSG အသင်းတို့ရဲ့ လမ်းခွဲဟာ ပိုမိုမြန်ဆန်လာနိုင်ပါတယ်။

လာမယ့် နွေရာသီမှာ မန်ယူအသင်းကို အကြံပေးတာဝန်ယူမယ့် ယာယီနည်းပြ ရန်နစ်ခ်ကတော့ အေဂျက်အသင်း နည်းပြ တန်ဟက် ကို နှစ်သက်လျက်ရှိနေပါတယ်။

PSG အသင်းဘက်လည်း နည်းပြ ပိုချက်တီနို နေရာကို ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်းဖြစ်သူ ဇနဒင်း ဇီဒန်းနဲ့ အစားထိုးဖို့ လျာထားပြီး ဥရောပပြိုင်ပွဲမှာ အခြေအနေမကောင်းပါက နည်းပြ ပိုချက်တီနိုနဲ့ လမ်းခွဲသွားဖို့ရှိနေပါတယ်။

Linko
Ref - thesun
ဖေဖော်ဝါရီ - ၁၀