【 အားကစား 】 ဘာစီလိုနာကို ဇာဗီ နည်းပြနိုင်လိမ့်မည်ဟု အင်နီယေစတာ ယုံကြည်

【 အားကစား 】 ဘာစီလိုနာကို ဇာဗီ နည်းပြနိုင်လိမ့်မည်ဟု  အင်နီယေစတာ ယုံကြည်

ရလဒ်တွေဆိုးနေတဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြ ကိုးမန်း ကို ထုတ်ပယ်မယ့် သတင်းတွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အင်နီယေစတာကတော့ အသင်းဖော်ဟောင်း ဇာဗီဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

အင်နီယေစတာဟာ ၎င်းကဲ့သို့ ဘာစီလိုနာ ဂန္တဝင်တစ်ဦးဖြစ်သူ ဇာဗီ ကို မန်ယူနည်းပြ ဆိုးလ်ရှား၊ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်တို့ကဲ့သို့ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်စေလိုနေတာလည်းဖြစ်ပါတယ်။

ဂရန်နာဒါအသင်းနဲ့ ၁ ဂိုးစီ သရေကျပြီးနောက် ဘာစီလိုနာ နည်းပြ ကိုးမန်း ကို ထုတ်ပယ်ဖို့ သတင်းတွေထွက်ပေါ်လာပြီးမှာ "ဘာကာအသင်းရဲ့ နည်းပြခုံတန်းမှာ ဇာ‌ဗီ ကို မြင်တွေ့စေချင်လို့လားမေးရင် မြင်တွေ့ချင်တယ်လို့ပဲ ဖြေမှာပါ၊ ဘာ‌‌ကြောင့်လဲဆို‌တော့‌ သူ (ဇာဗီ) ဟာ ဘာကာကို နည်းပြဖို့ အတွေ့အကြုံယူပြီး ပြင်ဆင်နေတာကြောင့်ပါ၊ သူ့မှာ ဒီစိန်ခေါ်မှုကိုရင်ဆိုင်ဖို့ ယုံကြည်မှုရှိတယ်ဆိုတာ ကျနော်သိပါတယ်" လို့ အင်နီယေစတာ က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်း နည်းပြ ကိုးမန်းရဲ့ နေရာကို ဇာဗီ၊ ရော်ဘတ်တို မာတီနက်ဇ်တို့နဲ့ အစားထိုးဖို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

ဘာစီလိုနာ၊ စက်တင်ဘာ - ၂၂