【 အားကစား 】 ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်လိုက်တဲ့ ဒမ်ဘီလီ

【 အားကစား 】 ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်လိုက်တဲ့ ဒမ်ဘီလီ

မန်ယူနဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေတဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။

The Sun သတင်းဌာနရဲ့ အဆိုအရတော့ နယူးကာဆယ်အသင်း နည်းပြ အက်ဒီ ဟိုဝီဟာ တောင်ပံကစားသမား ဒမ်ဘီလီ ကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူရန် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒမ်ဘီလီ ကို အကြိုသဘောတူညီမှုဖြင့် စာချုပ် ချုပ်ဆိုရန် ကြိုးစားနေပြီး၊ အသက် ၂၄ အရွယ်ရှိ တောင်ပံကစားသမား ဒမ်ဘီလီ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ PSG အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာ နေရာတွင် အစားထိုးရန် ‌ဒမ်ဘီလီ ကို ဒေါ့မွန်အသင်းကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ဝာာဖြစ်ပါတယ်။ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာမကြာခနရရှိမှုက ၎င်းရဲ့ ပွဲကစားခွင့်ကို အကန့်အသတ်ဖြစ်စေခဲ့ပြီး ပွဲကစားခွင့် လုံလောက်စွာမရရှိခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းကလည်း အသင်းကို အင်အားဖြည့်တင်းရန် ဒမ်ဘီလီ ကို စိတ်ဝင်စားလျက်ရှိနေပေမယ့် ဒဏ်ရာမကြာခနရရှိပြီး လစာငွေမြင့်မားတဲ့ ကစားသမားကို ထပ်မံခေါ်ယူမလားဆိုတာ‌ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ တစ်နှစ်လုပ်ခလစာဟာ ပေါင် ၁၆.၉ သန်းဖြစ်ပြီး၊ အင်္ဂလန် ပရီးမီယားလိဂ်မှာ ပိုင်ရှင်သစ်တွေနဲ့အတူ အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာတဲ့ နယူးကာဆယ်အသင်းဟာ ဒမ်ဘီလီရဲ့ လုပ်ခလစာကို ပေးချေနိုင်ဖွယ်ရှိနေပါတယ်။ဆော်ဒီလုပ်ငန်းစုမှ နယူးကာဆယ်အသင်းကို လွှဲပြောင်း ဝယ်ယူပြီးနောက်မှာတော့ နာမည်ကြီးကစားသမားတွေကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူရန် ချိတ်ဆက်လျက်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဘက်တော့ ဒေါ့မွန်အသင်းမှ ယူရို ၁၀၅ သန်းနဲ့ ခေါ်ယူထားတဲ့ ဒမ်ဘီလီ ကို စာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့် ဒမ်ဘီလီဘက်က ငြင်းဆိုခဲ့တဲ့အပြင် လတ်တလော ဆိုးရွားသော ဘဏ္ဍာရေးအခြေအနေများကြောင့် လက်လွှတ်ရဖွယ်ရှိနေပါတယ်။

Linko
ဘာစီလိုနာ၊ ဒီဇင်ဘာ - ၂