【 အားကစား 】 ဘာစီလိုနာအသင်းအတွက် ဂိုးတွေအမြောက်အမြား သွင်းယူပေးဖို့ အူဘာမီယန်း ‌မျှော်လင့်ထား

【 အားကစား 】 ဘာစီလိုနာအသင်းအတွက် ဂိုးတွေအမြောက်အမြား သွင်းယူပေးဖို့ အူဘာမီယန်း ‌မျှော်လင့်ထား

ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်ဖြစ်လာသူ တိုက်စစ်မှူး ပီရီ-အမ်ရီရစ်ခ် အူဘာမီယန်းကတော့ ၎င်းအနေနဲ့ ဘာစီလိုနာအသင်းအတွက် ဂိုးတွေ အမြောက်အမြားသွင်းယူပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
 
အူဘာမီယန်းဟာ အာဆင်နယ်အသင်းကနေ ဘာစီလိုနာအသင်းဆီသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
 
ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူးရဲ့ မိတ်ဆက်ပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းနဲ့အတူ ပွဲထွက်ဖို့ မစောင့်နိုင်တော့ကြောင့်လည်း အူဘာမီယန်း က ပြောကြားခဲ့ပါသေးတယ်။
 
တစ်ချိန်က အူဘာမီယန်းရဲ့ ကစားပုံဟာ ဘာစီလိုနာအသင်းနဲ့ အံမဝင်နိုင်ဟု လက်ရှိ ဘာစီလိုနာအသင်း နည်းပြ ဇာဗီရဲ့ မှတ်‌ချက်ပေးခဲ့မှုအပေါ် မေးမြန်းရာမှာ "အသက် ၃၂ အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးက ကျနော် ဘာစီလိုနာအသင်းအတွက် ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ကျနော် ဘာစီလိုနာအသင်းရဲ့ ပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် အာဆင်နယ်အသင်းအတွက် ကစားခွင့်မရရှိခဲ့တာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ဘာစီလိုနာအသင်းဆီသို့ အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
 
"ကျနော်ဟာ လျင်မြန်ပြီး ဂိုးတွေသွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးဆိုတာ လူတိုင်းသိကြပါတယ်၊ ကျနော် ဘာစီလိုနာအသင်းအတွက် ဂိုးတွေအများကြီး သွင်းယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒီကိုရောက်လာတာ ကျနော့်ဘဝရဲ့ အခွင့်အရေးပါ၊ ဘာစီလိုနာကို ကျေးဇူးတင်ရမှာဖြစ်သလို ဒီမှာရှိနေတဲ့အတွက် ကျနော်ဂုဏ်ယူပါတယ်၊ ကျနော့်ဘက်က ဘာစီလိုနာအသင်းအတွက် ပေးဆပ်ကစားပေးသွားမှာပါ" လို့ အူဘာမီယန်း က ပြောကြားခဲ့ပါတယ်။
 
ဘာစီလိုနာအသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့‌ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပြီး၊ အူဘာမီယန်းအပါအဝင်၊ ဝုဗ်အသင်းမှ အဒ်မာ ထရာအိုရေးနဲ့ မန်စီးတီးမှ ဖာရန် တောရက်စ်တို့ကို ခေါ်ယူခဲ့ဝာာဖြစ်ပါတယ်။
 
Linko
Ref - barcablaugranes
ဘာစီလိုနာ၊ ဖေဖော်ဝါရီ - ၄