【 အားကစား 】 ဘောလုံးသံတမန်အဖြစ် ကာတာနိုင်ငံနဲ့ စာချုပ် ချုပ်ဆိုလိုက်တဲ့ ဒေးဗစ်ဘက်ခမ်

【 အားကစား 】 ဘောလုံးသံတမန်အဖြစ် ကာတာနိုင်ငံနဲ့ စာချုပ် ချုပ်ဆိုလိုက်တဲ့ ဒေးဗစ်ဘက်ခမ်

ဘောလုံးလောကမှာ တည်ကန်ဘောစွမ်းရည်တွေ၊ ဖက်ရှင်ကျမှုတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်ဟာ လာမည့်နှစ် ကမ္ဘာ့ဖလားမတိုင်မီ ကာတာနိုင်ငံဆိုင်ရာ ဘောလုံးသံတမန်တစ်ဦးအဖြစ်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
 
‌ဒေးဗစ်ဘက်ခမ်ဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံနဲ့ တစ်နှစ် ပေါင် ၁၅ သန်းတန် စာချုပ်ကို ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။
 
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဘောလုံးသံတမန်အဖြစ် ဒေးဗစ်ဘက်ခမ် ကို ခန့်အပ်ပြီးနောက် ၎င်းရဲ့ လုပ်ငန်းစဉ်အတွင်း အသုံးပြုရန်အတွက် ပေါင် သန်း ၁၅၀ ရရှိထားတယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။
 
အင်္ဂလန်လက်ရွေးစင်ဟောင်း မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်းဖြစ်သူ ဒေးဗစ်ဘက်ခမ်ဟာ ကာတာနိုင်ငံရဲ့ ဘောလုံးသံတမန်အဖြစ်ဆောင်ရွက်ရန် ၁၀ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူညီခဲ့ပြီလို့လည်း သတင်းများက ဖော်ပြနေကြပါတယ်။
 
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမတိုင်မီ ကာတာနိုင်ငံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံရန်အတွက် မြို့တော် ဒိုဟာသို့ သွားရောက်ခဲ့ပြီး အချိန်ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ကာတာနိုင်ငံရှိ အားကစားရုံများတွင် လာမည့် ဒီဇင်ဘာလအတွင်း ပရိတ်သတ်များကို လိင်တူထောက်ခံမှုဖြစ်သည့် သက်တံ့အလံများ ကိုင်ဆောင်ခွင့်ပြုကာ အားပေးခွင့်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ပြိုင်ပွဲတစ်လျှောက်လုံးတွင်လည်း လုံခြုံစွာခွင့်ပြုပေးမည်ဟု ယုံကြည်‌ကြောင်း ဘက်ခမ် က တာဝန်ရှိသူများကို အသိပေးခဲ့တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
 
ကာတာနိုင်ငံရှိ ဥပဒေများသည် လိင်တူဆက်ဆံခြင်းကို တရားမဝင်ဖြစ်စေသာ်လည်း အဆိုပါဥပဒေကျင့်သုံးမှုများသည် မကြာသေးမီနှစ်များအတွင်း ပိုမိုတိုးတက်ကောင်းမွန်လာလျက်ရှိကြောင်း ယူဆရတယ်လို့ သတင်း‌များက ဖော်ပြလျက်ရှိနေပါတယ်။
 
ဒေးဗစ်ဘက်ခမ်ဟာ PSG အသင်းမှာ ကစားစဉ်ကတည်းက ကာတာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ကာတာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကြီးကို သိစေရန် ကူညီဆောင်ရွက်ပေးသွားဖွယ်ရှိနေပါတယ်။
 
သတင်းရင်းမြစ်တစ်ဦးကတော့ "ဒေးဗစ် က ကာတာရဲ့ တိုးတက်လာမှုနဲ့ ကတိကဝတ်ကို ယုံကြည်တယ်၊ အာရပ်ကမ္ဘာမှာ ပထမဆုံးကျင်းပမယ့် ကမ္ဘာ့ဖလားပွဲဟာ သိသာထင်ရှားတဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တယ်လို့ ယုံကြည်တယ်" ဟု The Sun သတင်းဌာနသို့ ဖြေကြားခဲ့ပါတယ်။
 
"ဒေးဗစ်နဲ့ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် အနောက်တိုင်းသားတွေဟာ ကာတာရဲ့ လှပသော ကမ်းခြေများ၊ ကျယ်ပြန့်သော သဲခုံများနှင့် မယုံနိုင်စရာ မိုးမျှော်တိုက်တွေကို မြင်တွေ့ရဖို့ မျှော်လင့်ချက်တွေရှိလာပြီဖြစ်တယ်" လို့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
 
Linko
ဒိုဟာ၊ အောက်တိုဘာ - ၂၅