【 အားကစား 】 ရုရှားရဲ့ ကျူးကျော်မှုနဲ့ မသေချာ‌တော့တဲ့ ချဲလ်ဆီးရဲ့ အနာဂတ်

【 အားကစား 】 ရုရှားရဲ့ ကျူးကျော်မှုနဲ့ မသေချာ‌တော့တဲ့ ချဲလ်ဆီးရဲ့ အနာဂတ်

ချဲလ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို ပင်နယ်လ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဖလားလက်လွှတ်ခဲ့ရပေမယ့် ဒါဟာ အကြီးမားဆုံးပြဿနာမဟုတ်ပါဘူး။
 
ချဲလ်ဆီးအသင်းရဲ့ အဓိကပြဿနာကတော့ လက်ရှိအချိန်မှာ အနာဂတ်ရေရာမှုမရှိခြင်းဖြစ်နေတာပါပဲ။
 
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ပြီးနောက် ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ ရုရှားနိုင်ငံသား ရိုမန် အေဘရာမိုဗစ်ခ်ျမှ ချဲလ်ဆီးအသင်းကို ချဲလ်ဆီးပရဟိတဖောင်ဒေးရှင်းမှ ယုံကြည်သူများကို လွှဲပြောင်းပေးကြောင်း တုန်လှုပ်ခြောက်ခြားဖွယ် ကြေညာခဲ့ပါတယ်။
 
နည်းပြကြီး တူချယ်လ်ကတော့ ချဲလ်ဆီးအသင်းဟာ ပုံမှန်အတိုင်း ဆက်သွားနေမယ်လို့ ဆိုထားပေမယ့် အပြောင်းအလဲတွေကရိုက်ခတ်လာတော့မှာဖြစ်ပါတယ်။
 
"နေ့စဉ် နေ့တိုင်း ငါ့အတွက် ဘာမှပြောင်းလဲသွားဖို့မရှိဘူးလို့ ထင်တယ်၊ အဲလိုပဲ ငါနားလည်ထားတယ်" ဟု ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ် က ဆိုပါတယ်။
 
"ချဲလ်ဆီးအသင်းကို လည်ပတ်ဖို့ မာရီနာ၊ ပီတာ ဆက်ခ်ျတို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေပါတယ်၊ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာပါ ကျနော်တို့ရဲ့ စွမ်း‌ဆောင်ရည်က ပြောင်းလဲမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်" ဟု တူချယ်လ် က ဆက်ပြောပါတယ်။
 
ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ်ကတော့ ပုံမှန်အတိုင်း ချဲလ်ဆီးအသင်း ဆက်သွားနေမယ်လို့ ဆိုထားပေမယ့် ချဲလ်ဆီးပရိတ်သတ်တွေကတော့ အသင်းရဲ့ မရေရာ မသေချာတဲ့ အနာဂတ်ကို စိုးရိမ်နေကြပြီဖြစ်ပါတယ်။အကယ်၍ ရိုမန် အေဘရာမိုဗစ်ခ်ျသာ ချဲလ်ဆီးအသင်းမှ အလုံးစုံထွက်ခွာသွားခဲ့ရင် ငွေသုံးကြမ်းတဲ့ကလပ်အသင်းတွေဖြစ်ကြတဲ့ နယူးကာဆယ်၊ မန်စီးတီးအသင်းတို့အပြင် သမိုင်းကြောင်းကောင်းမွန်တဲ့ လီဗာပူးလ်၊ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ကို ဆက်လက်ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ စိတ်ပူနေကြတာဖြစ်ပါတယ်။
 
လက်ရှိအချိန် ဘောလုံးလောကဟာ ကမ္ဘာသစ်တစ်ခုကိုရောက်ရှိနေပါပြီ။အသုံးစရိတ်ပမာဏများပြားစွာ အသုံးပြုမှသာ ဆုဖလားတွေ စိန်ခေါ်နိုင်မှာဖြစ်ပါတယ်၊ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းတွေမှာ ချမ်းသာတဲ့ အသင်းပိုင်ရှင်တွေက အဓိကကျလျက်ရှိနေပါတယ်။ချဲလ်ဆီးအသင်းဟာလည်း အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ ရင်းနှီးမြှုပ်နှံမှုများကြောင့်သာ အောင်မြင်တဲ့ ကလပ်အသင်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။
 
ရုရှားကျူးကျော်မှုမှာ မတည်မငြိမ်ဖြစ်လာတဲ့ ချဲလ်ဆီးအသင်းရဲ့ အနာဂတ်ကို အချိန်ကသာ ဆုံးဖြတ်ပေးသွားတော့မှာဖြစ်ပါတယ်။
 
Linko
Ref - independent
မတ် - ၁