【 အားကစား 】 ဝိတ်တန်းသုံးခုရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း စိန်ခေါ်ပွဲကို စွန့်လွှတ်ပြီး အမိမြေကာကွယ်ဖို့ ယူကရိန်းကို ပြန်

【 အားကစား 】 ဝိတ်တန်းသုံးခုရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း စိန်ခေါ်ပွဲကို စွန့်လွှတ်ပြီး အမိမြေကာကွယ်ဖို့ ယူကရိန်းကို ပြန်

လက်ဝှေ့ကျော် ဗာစလီ လိုမန်ချန်ကိုဟာ lightweight champion ပွဲစဉ်ကို စိန်ခေါ်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် သူဟာ မိခင်နိုင်ငံကို ကာကွယ်ဖို့သာ ရွေးချယ်ခဲ့ပါတယ်။

ဝိတ်တန်းသုံးခုရဲ့ ကမ္ဘာ့ချန်ပီယံဟောင်းဟာ ၎င်းရဲ့ မွေးဖွားရာမြို့ Bilhorod-Dnistrovskyi မှာ စစ်တပ်ထဲဝင်ရန် စာရင်းသွင်းထားကြောင်း လိုမန်ချန်ကို မှ ‌Facebook လူမှုကွန်ရက်ပေါ်မှာ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်‌ပြီး‌နောက် ရက်ပိုင်းအတွင်း လိုမန်ချန်ကိုဟာ Bilhorod-Dnistrovskyi မြို့တော်ဝန် ဗစ်တာလီ ဂရာ့ရှ်ဒန်နဲ့အတူ M16 ချေမှုန်းရေးရိုင်ဖယ်ကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံကို Facebook မှာ မျှဝေခဲ့ပါတယ်။

လက်ဝှေ့ကျော် လိုမန်ချန်ကိုဟာ ဂရိနိုင်ငံကိုရောက်ရှိနေပေမယ့် ရုရှားကျူးကျော်မှုစတင်ချိန်မှာတော့ ယူကရိန်းကို ပြန်လာခဲ့တာဖြစ်ပါတယ်။လိုမန်ချန်ကိုရဲ့ မွေးဖွားရာမြို့ Bilhorod-Dnistrovskyi ဟာ ယူကရိန်းနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပြီး၊ အိုဒီဆာမြို့နဲ့ နှစ်နာရီသာ ကွာဝေးတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ သီယိုဖီမို လိုပက်ဇ် ကို lightweight championship မှာ ရှုံးနိမ့်ပြီးနောက် နိုင်ပွဲနှစ်ပွဲကို ထိုးသတ်အနိုင်ယူခဲ့ပါတယ်။ထို့နောက် ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇွန်လမှာ မာဆာယိုရှီ နာကာတာနီနဲ့ ပြန်လည်ထိုးသတ်ကာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

၂၀၀၈ နဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲများမှာ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့တဲ့ လိုမန်ချန်ကိုဟာ ၎င်းရဲ့နောက်ဆုံးပြိုင်ပွဲမှာတော့ ပုံစံကောင်းပြသနိုင်ခဲ့ပြီး၊ ချန်ပီယံဟောင်း ရစ်ချတ် ကိုမေး ကို Madison Square Garden မှာ အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လိုမန်ချန်ကို ကို lightweight champion ဆုကို စိန်ခေါ်သူအဖြစ် သတ်မှတ်ခံထားရတယ်လို့လည်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လိုမန်ချန်ကိုဟာ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်တဲ့ နောက်ဆုံး ယူကရိန်းလက်ဝှေ့သမားဖြစ်လာခဲ့ပါတယ်။လိုမန်ချန်ကိုကဲ့သို့ပဲ ကမ္ဘာကျော် လက်ဝှေ့သမားကြီးတွေဖြစ်တဲ့ ဗစ်တာလီနဲ့ ဝလာဒီမာ ကလစ်ရှ်ကိုတို့ဟာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို ဟန့်တားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလျက်ရှိပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် လက်ဝှေ့သမားဟောင်းကြီး ဗစ်တာလီဟာ လက်ရှိအချိန်မှာ ယူကရိန်းမြို့တော် ကိဗ်ရဲ့ မြို့တော်ဝန်ဖြစ်ပြီး၊ လိုအပ်ပါက ရုရှားစစ်တပ်ကို တိုက်ခိုက်ရန်မှတပါး ငါ့မှာရွေးချယ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝလာဒီမာကတော့ မကျူးကျော်မီ ရက်သတ္တပတ်များအတွင်း ယူကရိန်း အရန်တပ်မှာ စစ်မှုထမ်းခဲ့ပါတယ်။

Linko
Ref - ringtv
ဖေဖော်ဝါရီ - ၂၈