【 အားကစား 】 သုံးလကြာ စကားမပြောဆိုခဲ့တဲ့ မန်ယူဂန္တဝင်နှစ်ဦး

【 အားကစား 】 သုံးလကြာ စကားမပြောဆိုခဲ့တဲ့ မန်ယူဂန္တဝင်နှစ်ဦး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ပက်ထရစ် အီဗရာနဲ့ နီမန်ဂျာ ဗီဒစ်တို့ဟာ နည်းပြကြီး ဖာဂူဆန်လက်ထက်အတွင်း အတွဲအညီညီ အောင်မြင်မှုယူခဲ့သူတွေဖြစ်ပါတယ်။

ယခုတော့ အီဗရာမှ ၎င်းနဲ့ ဗီဒစ်အကြား ဆက်ဆံရေးအဖုအထစ်တွေရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

မန်ယူအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်သို့ "အဝတ်လဲခန်းအတွင်း မတည်မငြိမ်ဖြစ်စေတဲ့ ၎င်းနဲ့ ဗီဒစ်တို့အကြား သုံးလကြာရန်ပွဲအကြောင်း" ကို အီဗရာမှ ထုတ်ဖော်ပြေကြားခဲ့ပါတယ်။

"ကျနော်နဲ့ ဗီဒစ်အကြား ဆက်ဆံရေးအဖုအထစ်တွေရှိခဲ့တယ်၊ ကျနော်တို့ သုံးလလောက် စကားမပြောဘူး" လို့ အီဗရာ က ဆိုပါတယ်။

"ကျနော်တို့ အတူတူကစားတယ်၊ ဒါပေမယ့် အချင်းချင်း စကားတစ်လုံးမှမပြောဘူး" လို့ အီဗရာ က ပြောကြားပါတယ်။

အီဗရာနဲ့ ဗီဒစ်တို့ ရန်ပွဲကြောင့် မန်ယူ နည်းပြကြီး ဖာဂူဆန်ဟာ အီဗရာနဲ့ တွဲကစားရန် ဖာဒီနန် ကို ဘယ်ခြမ်းဗဟိုခံစစ်မှာ နေရာပြောင်းလဲ‌ကစားစေခဲ့ရပါတယ်။

"သုံးလကြာပြီးတဲ့နောက်မှာ ပွဲအပြီး အဝတ်လဲခန်းထဲအရောက် ဗီဒစ် က ကျနော့်ဆီလျှောက်လာပြီး လက်ဝါးချင်းရိုက်ခဲ့ကြတယ် အဲ့ဒီမှာပဲ ကျနော်တို့နှစ်ဦး အဆင်ပြေသွားတော့တယ်" လို့ အီဗရာမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

အီဗရာနဲ့ ဗီဒစ်တို့ဟာ မန်ယူအသင်းထံသို့ ၂၀၀၆ ခုနှစ် အပြောင်းအရွှေ့မှာ ရောက်ရှိခဲ့တဲ့ ကစားသမားနှစ်ဦးဖြစ်ပြီး၊ မန်ယူအသင်းအတွက် အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု ၅ ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ၁ ကြိမ်တို့ကို အတူဆွတ်ခူးနိုင်ခဲ့ပါတယ်။

Linko
မန်ချက်စတာ၊ အောက်တိုဘာ - ၁၅