【 အားကစား 】 အမ်ဘက်ပီ ဘယ်ဆီကိုရောက်မလဲ

【 အားကစား 】 အမ်ဘက်ပီ ဘယ်ဆီကိုရောက်မလဲ

၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့ဈေးကွက်မှာ စပိန်ကလပ်အသင်း ရီးရဲလ်မက်ဒရစ်က ပြင်သစ်ကလပ် PSG အသင်းမှ ကြယ်ပွင့်ကစားသမား အမ်ဘက်ပီ ကို ယူရို သန်း ၂၂၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

PSG အသင်းဘက်က ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

PSG အသင်းနဲ့ အမ်ဘက်ပီတို့ဟာ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာပါ။သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းကို ငြင်းဆန်ပြီးနောက် အမ်ဘက်ပီ ကို PSG အသင်းဘက်က မြင့်မားတဲ့ လစာငွေနဲ့ စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် အမ်ဘက်ပီဘက်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

အမ်ဘက်ပီ ကိုယ်တိုင်ကလည်း PSG အသင်းရဲ့ ဥက္ကဌကို အသင်းကနေ ထွက်ခွာလိုကြောင်း အတိအလင်းပြောကြားထားပြီးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရဖို့က ၎င်းရဲ့ ငယ်ဘဝအိပ်မက်လို့ ဆိုထားသူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ အမ်ဘက်ပီ ကို ၎င်းရဲ့ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်မှသာ အလွတ်ခေါ်ယူသွားဖွယ်ရှိတယ်လို့ သတင်းတွေကဆိုထားပါတယ်။တစ်ခုရှိတာကတော့ အမ်ဘက်ပီထက် အရင် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်း ကို ရီးရဲလ်အသင်းခေါ်ယူသွားနိုင်ရင်တော့ အမ်ဘက်ပီရဲ့ အနာဂတ်ဟာ ပြောင်းလဲသွားနိုင်ပါသေးတယ်။

အမ်ဘက်ပီ ကို ရီးရဲလ်မက်ဒရစ်အသင်းအပြင် လီဗာပူးလ်နဲ့ မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပြီး အမ်ဘက်ပီကလည်း လီဗာပူးလ်အသင်းကို လူသိရှင်ကြားချီးကျူးခဲ့ဖူးပါသေးတယ်။လီဗာပူးလ်အသင်းကလည်း ယခုရာသီအတွက် လူအင်အားကို သိသိသာသာ ထပ်မံဖြည့်တင်းခဲ့မှုမရှိခြင်းက ၎င်းရဲ့အသုံးစရိတ်ကို အမ်ဘက်ပီအတွက် မြုပ်နှံထားသလားဆိုတာ တွေးစရာရှိလာခဲ့ပါတယ်။

လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်ဟာ အမ်ဘက်ပီ ကို ကြိုက်နှစ်သက်သူဖြစ်ပေမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့တော့ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ဒါပေမယ့် လာမယ့်အပြောင်းအရွှေ့တွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လီဗာပူးလ်အသင်း အမ်ဘက်ပီ ကို အပြိုင်လိုက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အမ်ဘက်ပီနဲ့ PSG တို့ရဲ့ အက်ကွဲကြောင်းကတော့ တဖြည်းဖြည်းနက်ရှိုင်းလာနေပါပြီ၊ အဆိုပါဖြစ်ရပ်ကနေ ဘယ်အသင်းက အမ်ဘက်ပီ ကို‌ ခေါ်ယူနိုင်မလဲ၊ ဒါမှမဟုတ် PSG အသင်းနဲ့ အမ်ဘက်ပီတို့ ပြန်အဆင်ပြေသွားမလားဆိုတာကတော့ .... ။

Linko
ပဲရစ်၊ စက်တင်ဘာ - ၇