【 အားကစား 】 အသင်းကို အသိမပေးဘဲ ပေါ်တူဂီကို လစ်ထွက်သွားတဲ့ စီရော်နယ်လ်ဒို

【 အားကစား 】 အသင်းကို အသိမပေးဘဲ ပေါ်တူဂီကို လစ်ထွက်သွားတဲ့ စီရော်နယ်လ်ဒို

မန်ယူအသင်းရဲ့ ယာယီနည်းပြ ရက်ဖ် ရန်နစ်ခ်အနေနဲ့ မန်ယူအသင်းရဲ့ ဒါဘီရှုံးပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပေါ်တူဂီသို့ ပြန်သွားခြင်းကို မသိရှိခဲ့ကြောင်း Daily Telegraph က ဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ တင်္နဂနွေနေ့က မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ဒဏ်ရာကြောင့် လွဲချော်ပြီးနောက် ပေါ်တူဂီမှာ မိသားစုနဲ့တွေ့ဆုံဖို့ အိမ်ပြန်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ယာယီနည်းပြ ရန်နစ်ခ်အနေနဲ့ ထိုကိစ္စရပ်ကို သတိမပြုမိခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ စီရော်နယ်လ်ဒိုရဲ့ ခရီးစဉ်ဟာလည်း တရားဝင်ဒဏ်ခတ်မှု မခံရကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် အားလပ်ရက်တွေမှာ မိသားစုနဲ့တွေဆုံဖို့ နိုင်ငံရပ်ခြားကို သွားရောက်ကြတဲ့ ကစားသမားတွေဟာ အထူးအဆန်းမဟုတ်ကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်တွေက ကစားသမားတွေ အလားတူလုပ်ဆောင်ကြတဲ့ အခြားဖြစ်ရပ်တွေရှိခဲ့တယ်လို့ ကလပ်အသင်းဘက်က ဖြေရှင်းခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ တင်ပါးဆုံရိုးဒဏ်ရာကြောင့် သောကြာနေ့မှာ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်ခဲ့ကာ ပေါ်တူဂီနိုင်ငံကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ကာရင်တန်သို့ ယမန်နေ့က စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် စနေနေ့မှာ ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားလာဖို့ကတော့ သံသယရှိနေပါသေးတယ်။

လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုဟာ တင်ပါးနာကျင်မှုဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။

မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ်ကတော့ "အာဆင်နယ်အသင်း ဝက်ဖို့ဒ်ကို ရှုံးနိမ့်ဖို့ ကျနော်မမျှော်လင့်ထားပါဘူး၊ ဒါကြောင့် ကျနော်တို့အတွက် ရှင်းပါတယ်၊ ရာသီကုန်မှာ အဆင့် ၄ နေရာကို ကျနော်တို့လိုချင်တယ်ဆိုရင်တော့ အမှတ်တွေ ထပ်လျော့လို့ မရတော့ပါဘူး" ဟု မန်ယူအသင်း အခြေအနေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Linko
Ref - independent
မတ် - ၁၀