【 အားကစား 】 အသင်းနဲ့မိတ်ဆက်ပွဲမှာ ကိုဗစ်ကူးစက်ခံရတဲ့ ဖာရန် တောရက်စ်

【 အားကစား 】 အသင်းနဲ့မိတ်ဆက်ပွဲမှာ ကိုဗစ်ကူးစက်ခံရတဲ့ ဖာရန် တောရက်စ်

ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်ဖြစ်သူ ဖာရန် တောရက်စ်ဟာ ၎င်းရဲ့ကစားသမားသစ်မိတ်ဆက်ပွဲအပြီး နာရီပိုင်းအကြာမှာပဲ ကိုဗစ်ကူးစက်ခံထားရကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
ဖာရန် တောရက်စ်ဟာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
 
အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ စပိန်လက်ရွေးစင် ကစားသမား ဖာရန် တောရက်စ် ကို ဘာစီလိုနာအသင်းမှ ငါးနှစ်ခွဲစာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။နေမာရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်ရပ်ကို အတုယူပြီး ဖာရန် တောရက်စ်ကိုတော့ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို ၁ ဘီလီယံအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
 
ဖာရန် တောရက်စ်အနေနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ကိုဗစ်ကူးစက်ခံရမှုကြောင့် ၎င်းရဲ့ ပွဲဦးထွက်ဟာ နှောင့်နှေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
 
တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ "ပီဒရီနဲ့ ဖာရန် တောရက်စ်တို့ဟာ ကိုဗစ်-၁၉ အတွက် အပြုသဘောဆောင်သော စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်၊ လက်ရှိမှာ ကစားသမားတွေ ကျန်းမာရေးကောင်းမွန်ပြီး ‌၎င်းတို့ရဲ့‌ နေအိမ်များတွင်သာ သီးခြားခွဲ နေထိုင်လျက်ရှိပါတယ်" လို့ ဖော်ပြထားပါတယ်။
 
လက်ရှိအချိန်မှာ ဘောလုံးလောကကို ကိုဗစ်-၁၉ ကပ်ရောဂါမှ အပြင်းအထန်ရိုက်ခတ်လျက်ရှိနေပြီး၊ Balloon d'Or ဆုကို ၇ ကြိမ်ရရှိထားတဲ့ မက်ဆီနဲ့ PSG အသင်းဖော်တွေဟာလည်း ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပါတယ်။
 
အင်္ဂလန် ပရီးမီးယားလိဂ်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုဟာလည်း အရှိန်အဟုန်မြင့်နေဆဲဖြစ်ပြီး၊ လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်နဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာတို့ဟာလည်း ကိုဗစ်ကူးစက်ခံရမှုကြောင့် ပွဲကြီးကြပ်မှုတွေကို ရပ်နားထားပြီး သီခြားခွဲနေထိုင်နေရလျက်ရှိပါတယ်။
 
Linko
ဘာစီလိုနာ၊ ဇန်နဝါရီ - ၄