【 အားကစား 】 အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မယ့် မန်ယူ

【 အားကစား 】 အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မယ့် မန်ယူ

မန်ယူအသင်းအနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ အင်အားနည်းပါးနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလာဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားအတွက် အသင်းရဲ့ ကွင်းလယ်မှာ တိုမီနေး၊ မာတစ်နဲ့ ဖရဒ်တို့သာ ရှိနေတာဖြစ်ပြီး အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦး လိုအပ်နေတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းမှာ ပေါလ် ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့ရဲ့ အနာဂတ်ဟာလည်း တည်ငြိမ်မှုမရှိပါဘူး။ပေါ့ဂ်ဘာဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ဖူးသူဖြစ်တဲ့အပြင် ယခုရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်တဲ့အတွက် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပါတယ်။ဒီအတွက် မန်ယူအသင်းဟာ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေတာလည်းဖြစ်ပါတယ်။

စပိန်သတင်းဌာန Mundo Deportivo ရဲ့ အဆိုအရ မန်ယူအသင်းဟာ အေစီမီလန်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဖရန့်ခ် ကက်ဆီ ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ကက်ဆီဟာ အေစီမီလန်အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ခံစစ်အားသန် ကွင်းလယ်ကစားသမားဖြစ်ပေမယ့် လိုအပ်ပါက ဂိုးပါသွင်းယူပေးနိုင်သလို ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်နိုင်သူဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ကက်ဆီဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးရာသီကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကက်ဆီဟာ မန်ယူအသင်းအတွက် အခြားသောပစ်မှတ်တွေဖြစ်တဲ့ ဒီကလန် ရိုက်စ်နဲ့ တိုင်လီမန်စ်တို့ထက် ပိုမိုဈေးသက်သာဖွယ်လည်းရှိနေပြီး လာမယ့် နွေအပြောင်းအရွှေ့မှာ အလွတ်ခေါ်ယူနိုင်ဖို့ ဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ စက်တင်ဘာ - ၂၁