【 အားကစား 】 အိမ်ကွင်းမှာ နာပိုလီကို ဖောင်ဖျက်တိုက်ပွဲဝင်ရမယ့် လီဗာပူးလ်နဲ့ ရင်ခုန်မယ်

【 အားကစား 】 အိမ်ကွင်းမှာ နာပိုလီကို ဖောင်ဖျက်တိုက်ပွဲဝင်ရမယ့် လီဗာပူးလ်နဲ့ ရင်ခုန်မယ်

ယနေ့ည ၂ နာရီခွဲအချိန်မှာ ချန်ပီယံလိဂ် အုပ်စု (C) ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

သေမင်းတမန်အုပ်စုလို့ ခေါ်တဲ့ အုပ်စု (C) မှာ ဇာဗက်ဒါ၊ နာပိုလီ၊ PSG၊ လီဗာပူးလ်တို့ ပါနေပြီး ၅ ပွဲစီ ကစားပြီးချိန်မှာ နာပိုလီ က ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး ဒီပွဲကို သရေကစားနိုင်ရုံနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်နိုင်မှာဖြစ်ပြီး PSG က ရမှတ် ၈ မှတ်ရထားပေမယ့် အုပ်စုအောက်ဆုံးက ဇာဗက်ဒါနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် ရမှတ် ၆ မှတ်နဲ့ အုပ်စုတတိယနေရာက လီဗာပူးလ်အတွက် ဒီပွဲကို အနိုင်ကစားရုံကလွဲပြီး မရှိပါဘူး။

လက်ရှိအနေအထားအရ ယခုပွဲစဉ်က ပ-အကျော့ ရှုံးပွဲတွေ့ခဲ့ရတဲ့  လီဗာပူးလ်အတွက် အရေးကြီးသလို နာပိုလီအသင်းအတွက်လည်း လက်ဗလာနဲ့ ပြန်သွားလို့ရတဲ့ ပွဲစဉ်မဟုတ်တဲ့အတွက် နှစ်သင်းတိုက်စစ်ဖွင့်ပြီး ဂိုးတွေအပြိုင်သွင်းမယ့် ပွဲစဉ်တစ်ခု ဖြစ်လာဖို့များနေပါတယ်။

အိမ်ရှင် လီဗာပူးလ်အသင်းကတော့ အုပ်စုပွဲစဉ် ပထမအကျော့ နာပိုလီ ကွင်းမှာ နာပိုလီကို ၁-၀ နဲ့ ရှုံးခဲ့တဲ့အတွက် ချန်ပီယံလိဂ် အုပ်စုအအဆင့် ပွဲစဉ်တွေမှာ ၃ ပွဲမြောက် ရှုံးထားတဲ့အတွက် ယခုရာသီ လီဗာပူးလ် ခြေစွမ်းက ဥရောပပွဲတွေမှာ သိပ်ပြီးခြေစွမ်းမပြနိုင်တဲ့အတွက် ယခုပွဲမှာ လီဗာပူးလ်အသင်း နာပိုလီအသင်းကို အနိုင်ကစားနိုင်ပါ့မလားဆိုတာ စဉ်းစားတွက်ချက်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပြင်ဆင်မှုများစွာ လုပ်ဆောင်ခဲ့ပြီး မိုနာကိုက ဖာဘင်ဟို၊ လိုက်ပ်ဇစ်က နာသန်ကီတာ၊ စတုတ်စီးတီးက ရှာကွီရီ၊ ရိုးမားက အလက်ဆန် တို့ကို ခေါ်ယူခဲ့ကာ ဗန်ဒိုက်ဗ်၊ ဂျိုးဂိုးမက် ဦးဆောင်တဲ့ လီဗာပူးလ် နောက်တန်းနဲ့ အံဝင်ခဲ့တဲ့အတွက် ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့သလို ရှေ့တန်းက ဖာမီနို၊ ဆာလက်ချ်၊ မာနေး တို့ကြောင့် လီဗာပူးလ် တိုက်စစ်က မန်စီးတီးပြီးရင် အကောင်းဆုံးတိုက်စစ် ဖြစ်နေပါတယ်။ဒါကြောင့် အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ လီဗာပူးလ်အသင်းကို နာပိုလီ နောက်တန်းက နိုင်နိုင်နင်းနင်း ရှိပါ့မလားဆိုတာ ထည့်တွက်ထားရမှာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်း နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေကျထားပြီး အိမ်ကွင်းမှာ ဇာဗက်ဒါ၊ PSG တို့ကို အနိုင်ကစားထားတဲ့အတွက် နာပိုလီအတွက် လီဗာပူးလ် ကွင်းက ခက်ခဲတဲ့ဖြတ်သန်းမှု ဖြစ်လာနိုင်ပါတယ်။

 

နာပိုလီအသင်းကတော့ မကြာခင်က ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဇာဗက်ဒါအသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားထားပြီး နောက်ဆုံးကစားတဲ့ အဝေးကွင်း ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးထားပြီး ဂျူဗင်တပ်စ်ကို ၃-၁ နဲ့ ရှုံးခဲ့တာပါ။ဒီနှစ်မှာ နာပိုလီအသင်းကို ဝါရင့်နည်းပြ အန်ဆလော့တီ ကိုင်တွယ်နေတာဖြစ်ပြီး ကွင်းလယ်က မာတန်းစ်၊ အင်ဆက်ဂ်နီ၊ ကယ်လီဂျွန် တို့ အတွဲအဖက်က ပြန်အတွဲမိလာတဲ့အတွက် ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး သွင်းဂိုး ၂၈ ဂိုး ပေးဂိုး ၁၄ ဂိုးနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်နေပါတယ်။ဂျော်ဂျင်ဟို ထွက်သွားတဲ့ ကွင်းလယ်မှာ ရာသီအစက လိုအပ်ချက်တွေရှိပေမယ့် နောက်ပိုင်းမှာ ပြန်ဖြည့်နိုင်ခဲ့တဲ့အတွက် အဝေးကွင်း ၇ ပွဲမှာ သွင်းဂိုး ၁၃ ဂိုး၊ ပေးဂိုး ၁၀ ဂိုးရှိနေတဲ့အတွက် နာပိုလီ နောက်တန်းက စိတ်ချရတဲ့ အနေအထားမှာ မရှိတာကို တွေ့ရပါတယ်။

ဒီပွဲကို အိမ်ရှင် လီဗာပူးလ်ဘက်က ဂိုး - အလက်ဆန်၊ နောက်တန်း - ဗန်ဒစ်ချ်၊ ဂျိုးဂိုးမက်ဇ်၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ အလယ်တန်း - ဝန်ဒယ်လ်ဂျယ်လ် ၊ဂျိမ်းစ်မီနာ၊ ဟန်ဒါဆန်၊ ရှေ့တန်း - မာနေး၊ ဆာလက်ချ်၊ ဖာမီနို တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

နာပိုလီဘက်က ဂိုး - အော့စပင်နာ၊ နောက်တန်း - မာကို ရူအီ၊ ဟာဆာဂျိ၊ ကိုလီဘလီ၊ အဘီလို၊ အလယ်တန်း - အလန်၊ ကယ်လီဂျွန်၊ ဟမ်ဆစ်၊ ဇီလင်စကီး၊ ရှေ့တန်း - အင်ဆက်ဂ်နီ၊ မီလစ် တို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်ဘက်က တစ်လုံးအသာနဲ့ နိုင်ရင် ပြား ၂၀ အနိုင်ပေးထားသလို ဂိုးပေါင်း သုံးလုံးကို ပြား၂၀ အရှုံးပေးထားပါတယ်။

ဒီပွဲကို သူတစ်ပြန်ကိုယ်တစ်ပြန် ဖွင့်ကစားလာမယ်လို့ တွက်ဆထားပေမယ့် ဂိုးသွင်းသေချာတဲ့ စီးရီးအေ အတွေ့အကြုံရှိတဲ့ ဆာလက်ချ်၊ အလက်ဆန် တို့ကြောင့် ဂိုးအပေါ်နဲ့ လီဗာပူးလ်ကို အကြိုက်တွေ့မိပါကြောင်း.............။

KON (SPORT)
ဒီဇင်ဘာ - ၁၁

( Zawgyi )

ယေန႔ည ၂ နာရီခြဲအခ်ိန္မွာ ခ်န္ပီယံလိဂ္ အုပ္စု (C) ရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ လီဗာပူးလ္အသင္းနဲ႔ နာပိုလီအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ေသမင္းတမန္အုပ္စုလို႔ ေခၚတဲ့ အုပ္စု (C) မွာ ဇာဗက္ဒါ၊ နာပိုလီ၊ PSG၊ လီဗာပူးလ္တို႔ ပါေနၿပီး ၅ ပြဲစီ ကစားၿပီးခ်ိန္မွာ နာပိုလီ က ၉ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ေနၿပီး ဒီပြဲကို သေရကစားႏိုင္႐ုံနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ႏိုင္မွာျဖစ္ၿပီး PSG က ရမွတ္ ၈ မွတ္ရထားေပမယ့္ အုပ္စုေအာက္ဆုံးက ဇာဗက္ဒါနဲ႔ ကစားရမွာ ျဖစ္တဲ့အတြက္ ရမွတ္ ၆ မွတ္နဲ႔ အုပ္စုတတိယေနရာက လီဗာပူးလ္အတြက္ ဒီပြဲကို အႏိုင္ကစား႐ုံကလြဲၿပီး မရွိပါဘူး။

လက္ရွိအေနအထားအရ ယခုပြဲစဥ္က ပ-အေက်ာ့ ရႈံးပြဲေတြ႕ခဲ့ရတဲ့  လီဗာပူးလ္အတြက္ အေရးႀကီးသလို နာပိုလီအသင္းအတြက္လည္း လက္ဗလာနဲ႔ ျပန္သြားလို႔ရတဲ့ ပြဲစဥ္မဟုတ္တဲ့အတြက္ ႏွစ္သင္းတိုက္စစ္ဖြင့္ၿပီး ဂိုးေတြအၿပိဳင္သြင္းမယ့္ ပြဲစဥ္တစ္ခု ျဖစ္လာဖို႔မ်ားေနပါတယ္။

အိမ္ရွင္ လီဗာပူးလ္အသင္းကေတာ့ အုပ္စုပြဲစဥ္ ပထမအေက်ာ့ နာပိုလီ ကြင္းမွာ နာပိုလီကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့အတြက္ ခ်န္ပီယံလိဂ္ အုပ္စုအအဆင့္ ပြဲစဥ္ေတြမွာ ၃ ပြဲေျမာက္ ရႈံးထားတဲ့အတြက္ ယခုရာသီ လီဗာပူးလ္ ေျခစြမ္းက ဥေရာပပြဲေတြမွာ သိပ္ၿပီးေျခစြမ္းမျပႏိုင္တဲ့အတြက္ ယခုပြဲမွာ လီဗာပူးလ္အသင္း နာပိုလီအသင္းကို အႏိုင္ကစားႏိုင္ပါ့မလားဆိုတာ စဥ္းစားတြက္ခ်က္ရမယ့္ကိစၥ ျဖစ္လာပါတယ္။လီဗာပူးလ္အေနနဲ႔ ဒီရာသီမွာ ျပင္ဆင္မႈမ်ားစြာ လုပ္ေဆာင္ခဲ့ၿပီး မိုနာကိုက ဖာဘင္ဟို၊ လိုက္ပ္ဇစ္က နာသန္ကီတာ၊ စတုတ္စီးတီးက ရွာကြီရီ၊ ႐ိုးမားက အလက္ဆန္ တို႔ကို ေခၚယူခဲ့ကာ ဗန္ဒိုက္ဗ္၊ ဂ်ိဳးဂိုးမက္ ဦးေဆာင္တဲ့ လီဗာပူးလ္ ေနာက္တန္းနဲ႔ အံဝင္ခဲ့တဲ့အတြက္ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ ရႈံးပြဲမရွိ ကစားထားႏိုင္ခဲ့သလို ေရွ႕တန္းက ဖာမီႏို၊ ဆာလက္ခ်္၊ မာေနး တို႔ေၾကာင့္ လီဗာပူးလ္ တိုက္စစ္က မန္စီးတီးၿပီးရင္ အေကာင္းဆုံးတိုက္စစ္ ျဖစ္ေနပါတယ္။ဒါေၾကာင့္ အိမ္ကြင္းတိုက္စစ္ေကာင္းတဲ့ လီဗာပူးလ္အသင္းကို နာပိုလီ ေနာက္တန္းက ႏိုင္ႏိုင္နင္းနင္း ရွိပါ့မလားဆိုတာ ထည့္တြက္ထားရမွာ ျဖစ္ပါတယ္။လီဗာပူးလ္အသင္း ေနာက္ဆုံးကစားထားတဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲသေရက်ထားၿပီး အိမ္ကြင္းမွာ ဇာဗက္ဒါ၊ PSG တို႔ကို အႏိုင္ကစားထားတဲ့အတြက္ နာပိုလီအတြက္ လီဗာပူးလ္ ကြင္းက ခက္ခဲတဲ့ျဖတ္သန္းမႈ ျဖစ္လာႏိုင္ပါတယ္။

နာပိုလီအသင္းကေတာ့ မၾကာခင္က ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ဇာဗက္ဒါအသင္းကို အိမ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ကစားထားၿပီး ေနာက္ဆုံးကစားတဲ့ အေဝးကြင္း ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးထားၿပီး ဂ်ဴဗင္တပ္စ္ကို ၃-၁ နဲ႔ ရႈံးခဲ့တာပါ။ဒီႏွစ္မွာ နာပိုလီအသင္းကို ဝါရင့္နည္းျပ အန္ဆေလာ့တီ ကိုင္တြယ္ေနတာျဖစ္ၿပီး ကြင္းလယ္က မာတန္းစ္၊ အင္ဆက္ဂ္နီ၊ ကယ္လီဂြၽန္ တို႔ အတြဲအဖက္က ျပန္အတြဲမိလာတဲ့အတြက္ ပြဲစဥ္ ၁၄ ပြဲကစားၿပီးခ်ိန္မွာ ၁၀ ပြဲႏိုင္၊ ၂ ပြဲသေရ၊ ၂ ပြဲရႈံးထားၿပီး သြင္းဂိုး ၂၈ ဂိုး ေပးဂိုး ၁၄ ဂိုးနဲ႔ အမွတ္ေပးဇယား ဒုတိယေနရာကို ေရာက္ေနပါတယ္။ေဂ်ာ္ဂ်င္ဟို ထြက္သြားတဲ့ ကြင္းလယ္မွာ ရာသီအစက လိုအပ္ခ်က္ေတြရွိေပမယ့္ ေနာက္ပိုင္းမွာ ျပန္ျဖည့္ႏိုင္ခဲ့တဲ့အတြက္ အေဝးကြင္း ၇ ပြဲမွာ သြင္းဂိုး ၁၃ ဂိုး၊ ေပးဂိုး ၁၀ ဂိုးရွိေနတဲ့အတြက္ နာပိုလီ ေနာက္တန္းက စိတ္ခ်ရတဲ့ အေနအထားမွာ မရွိတာကို ေတြ႕ရပါတယ္။

ဒီပြဲကို အိမ္ရွင္ လီဗာပူးလ္ဘက္က ဂိုး - အလက္ဆန္၊ ေနာက္တန္း - ဗန္ဒစ္ခ်္၊ ဂ်ိဳးဂိုးမက္ဇ္၊ ေရာ္ဘတ္ဆန္၊ အာႏိုးလ္၊ အလယ္တန္း - ဝန္ဒယ္လ္ဂ်ယ္လ္ ၊ဂ်ိမ္းစ္မီနာ၊ ဟန္ဒါဆန္၊ ေရွ႕တန္း - မာေနး၊ ဆာလက္ခ်္၊ ဖာမီႏို တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

နာပိုလီဘက္က ဂိုး - ေအာ့စပင္နာ၊ ေနာက္တန္း - မာကို ႐ူအီ၊ ဟာဆာဂ်ိ၊ ကိုလီဘလီ၊ အဘီလို၊ အလယ္တန္း - အလန္၊ ကယ္လီဂြၽန္၊ ဟမ္ဆစ္၊ ဇီလင္စကီး၊ ေရွ႕တန္း - အင္ဆက္ဂ္နီ၊ မီလစ္ တို႔နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္ဘက္က တစ္လုံးအသာနဲ႔ ႏိုင္ရင္ ျပား ၂၀ အႏိုင္ေပးထားသလို ဂိုးေပါင္း သုံးလုံးကို ျပား၂၀ အရႈံးေပးထားပါတယ္။

ဒီပြဲကို သူတစ္ျပန္ကိုယ္တစ္ျပန္ ဖြင့္ကစားလာမယ္လို႔ တြက္ဆထားေပမယ့္ ဂိုးသြင္းေသခ်ာတဲ့ စီးရီးေအ အေတြ႕အႀကဳံရွိတဲ့ ဆာလက္ခ်္၊ အလက္ဆန္ တို႔ေၾကာင့္ ဂိုးအေပၚနဲ႔ လီဗာပူးလ္ကို အႀကိဳက္ေတြ႕မိပါေၾကာင္း.............။

KON (SPORT)
ဒီဇင္ဘာ - ၁၁