【 အားကစား 】 အိုလံပစ်ချန်ပီယံကို အနိုင်ယူခဲ့တဲ့ တရုတ်ကြက်တောင်ကစားသမား

【 အားကစား 】 အိုလံပစ်ချန်ပီယံကို အနိုင်ယူခဲ့တဲ့ တရုတ်ကြက်တောင်ကစားသမား

အိုလံပစ်ချန်ပီယံ တရုတ်ကြက်တောင်ကစားသမား Chen Yufei အနေနဲ့ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ BWF World Tour German Open ပြိုင်ပွဲ အမျိုးသမီးတစ်ဦးခြင်း ဗိုလ်လုပွဲမှာ တရုတ်ကြက်တောင်ကစားသမား He Bingjiao ကို အံ့မခန်း ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးနှစ်ဦးတွဲ ဗိုလ်လုပွဲမှာလည်း တိုကျိုတရုတ်စုံတွဲဖြစ်တဲ့ အိုလံပစ် ငွေတံဆိပ်ဆုရှင် Chen Qingchen နဲ့ Jia Yifan တို့ဟာ ဘူလ်ဂေးရီးယားစုံတွဲ Gabriela နဲ့ Stefani Stoeva တို့ကို အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Chen ဟာ နိုင်ငံတကာပြိုင်ပွဲများမှာ He နဲ့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ပါတယ်။ယခုပြိုင်ပွဲမှာတော့ He က ကမ္ဘာ့အဆင့် ၃ ကြက်တောင်အားကစားသမား Chen ကို တွန်းလှန်ကာ ရမှတ် ၂၁-၁၄၊ ရမှတ် ၂၇-၂၅ တို့ဖြင့် နောက်ဆုံးမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်ကြက်တောင်အားကစားမယ် He အတွက် ယခုဆုဖလားဟာ ၂၀၁၉ ခုနှစ် Korea Open ပြိုင်ပွဲမှာ ထိုင်းအားကစားမယ်ကို အနိုင်ရပြီးနောက် ပထမဆုံး နိုင်ငံတကာဆုဖလား ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ကြက်တောင်အားကစားမယ်များဟာ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆုဖလားကို အမျိုးသမီးနှစ်ဦးတွဲပြိုင်ပွဲကို အနိုင်ရရှိပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။တရုတ်ရဲ့ ထိပ်တန်း ကြက်တောင်အားကစားအတွဲဟာ ဥရောပ နှစ်ကြိမ်ဆက် ချန်ပီယံ ဘူလ်ဂေးရီးယားအတွဲကို ရမှတ် ၂၁-၁၆၊ ရမှတ် ၂၉-၃၀ နဲ့ ရမှတ် ၂၁-၁၉ သုံးပွဲကစားကာ အနိုင်ရယူခဲ့တာဖြစ်ပါတယ်။ယခုရှုံးပွဲဟာ ဘူလ်ဂေးရီးယားအတွဲအတွက် နိုင်ငံတကာဗိုလ်လုပွဲမှာ စတုတ္ထမြောက်ရှုံးနိမ့်မှုဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့အဆင့် ၁ အမျိုးသားနှစ်ဦးတွဲ ကြက်တောင်ကစားသမား‌တွေကတော့ ကမ္ဘာ့စင်မြင့်ကို ဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ အတွဲကို နှစ်ပွဲပြတ် အနိုင်ယူကာ နောက်ဆုံး ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၉ ကြိမ်မြောက် ချန်ပီယံဆုကို ရယူခဲ့ပါတယ်။

Linko
Ref - CGTN
မတ် - ၁၄