【 အားကစား 】 အိုလံပစ်ပြိုင်ပွဲမှ လိင်ပိုင်းဆိုင်ရာ‌ စော်ကားမှု စွပ်စွဲချက်တွေကို တရုတ်တင်းနစ်ကစားသမားငြင်းဆို

【 အားကစား 】 အိုလံပစ်ပြိုင်ပွဲမှ လိင်ပိုင်းဆိုင်ရာ‌ စော်ကားမှု စွပ်စွဲချက်တွေကို တရုတ်တင်းနစ်ကစားသမားငြင်းဆို

တရုတ်နိုင်ငံမှ တင်းနစ်ကစားသမား Peng Shuai က သူမအနေနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ သူမကိုယ်တိုင်လည်း နိုဝင်ဘာလအတွင်းက ဆိုရှယ်မီဒီယာမှ ပို့စ်များကို ဖျက်ပစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယခင်သတင်းထွက်ပေါ်မှုများအရ တရုတ်ဒုဝန်ကြီးချုပ်ဟောင်းက သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယခုအခါ ကာယကံရှင် Peng က ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

ပေကျင်းမြို့ရှိ ဟိုတယ်တစ်ခုမှာ ပြင်သစ်သတင်းစာ L'Equipe နှင့် တွေ့ဆုံမေးမြန်းခန်းမှာတော့ တင်းနစ်မယ် Peng က ထိုသတင်းထွက်ပေါ်မှုများကို ငြင်းဆိုခဲ့ပါတယ်။

"လိင်ပိုင်းဆိုင်ရာ စော်ကားမှုလား၊ ဘယ်သူကမှ ကျမကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး" လို့ Peng က ‌ဆိုပါတယ်။

Peng က သူမအနေနဲ့ "ကြီးမားသော နားလည်မှုလွဲမှားခြင်း" ကို ဖြစ်စေခဲ့ကြောင်း "နောက်ထပ် မီဒီယာဖောင်းပွမှု" တွေကို မလိုချင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

တင်းနစ်မယ် Peng အနေနဲ့ ဆိုရှယ်မီဒီယာမှ ပျောက်ကွယ်သွားပြီးနောက် နိုင်ငံတကာအိုလံပစ်ကော်မတီက တင်းနစ်မယ် Peng နဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဌ Thomas Bach နဲ့လည်း သူမရဲ့အနာဂတ်ကို ဆွေးနွေးခဲ့ကြောင်း Peng က ဆိုပါတယ်။

ခွဲစိတ်မှုများစွာပြုလုပ်ခဲ့ရပြီး သူမရဲ့အသက်အရွယ်ကြောင့် ပရော်ဖက်ရှင်နယ် ပြန်လည်ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ကြောင်းလည်း Peng မှ ပြောကြားခဲ့ပါတယ်။

Linko
Ref - Metro
ပေကျင်း၊ ဖေဖော်ဝါရီ - ၇