【 အားကစား 】 ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ တရုတ်အားကစားမယ် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူး

【 အားကစား 】 ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ တရုတ်အားကစားမယ် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူး

တရုတ်နိုင်ငံ ကိုယ်စားပြု အားကစားမယ် ဂူ အိုင်လင်းဟာ သောကြာနေ့မှာ ကျင်းပတဲ့ အလွတ်စကိတ်စီး အမျိုးသမီး ပိုက်လိုင်း ဗိုလ်လုပွဲစဉ်မှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

ယခုဆွတ်ခူးရရှိခဲ့တဲ့ ရွှေတံဆိပ်ဟာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံအတွက် ဂူ အိုင်လင်းရဲ့ ဒုတိယမြောက်ရယူနိုင်ခဲ့တဲ့ ရွှေတံဆိပ်ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အလွတ်စကိတ်စီး အားကစားမယ် ဂူဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က ပေကျင်းမှာကျင်းပတဲ့ အိုလံပစ်ပွဲဦးထွက်မှာ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ငွေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ရွှေတံဆိပ်ဆုကို ထိပ်မံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်အားကစားမယ် ဂူရဲ့ နောက်မှာ ကနေဒါအားကစားမယ် ကက်စီ ရှာ့ပ် က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ကြေးတံဆိပ်ဆုကိုတော့ ကနေဒါအားကစားမယ် ရေချယ်လ် ဒါကာ က လည်းကောင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဂူရဲ့ အသင်းဖော် အခြားသော တရုတ်အားကစားမယ်များဖြစ်ကြတဲ့ လိ ဖန်းဟွေနဲ့ ကျန်း ကယ်ဗင်တို့ကတော့ အဆင့် ၅ နဲ့ အဆင့် ၇ နေရာတွေမှာသာ ပန်းဝင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်အားကစားမယ် ဂူ အိုင်လင်းအနေနဲ့ ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ရာမှာ ပထမပွဲစဉ်မှာ ၉၃.၂၅ ရမှတ် ရရှိခဲ့ကာ ဦးဆောင်ခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ၉၅.၂၅ မှတ်ကို စုဆောင်းပြီး၊ တတိယပွဲစဉ်မတိုင်မီ အောင်ပွဲရရှိခဲ့ဝာာဖြစ်ပါတယ်။

Linko
Ref - xinhua
ဖေဖော်ဝါရီ - ၁၈