【 အားကစား 】 Balloon d'Or ဆုကို စံချိန်ဆွတ်ခူးသွားခဲ့တဲ့ မက်ဆီ

【 အားကစား 】 Balloon d'Or ဆုကို စံချိန်ဆွတ်ခူးသွားခဲ့တဲ့ မက်ဆီ

အာဂျင်တီးနား တိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ် မက်ဆီကတော့ Balloon d'Or ဆုကို စံချိန်တင် ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ PSG အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟာ လွန်ခဲ့သော နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ အီတလီလက်ရွေးစင် ချဲလ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ကို မဲအသာရကာ Balloon d'or ဆုကို ၇ ကြိမ်မြောက်ဆုအဖြစ် ဆွတ်ခူးခဲ့ဝာာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လေးနှစ်ဆက်တိုက် ဆုရရှိခဲ့ပြီးနောက်ပိုင်း Balloon d'Or ဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ယမန်နှစ်ကတော့ ကပ်ရောဂါအခြေအနေကြောင့် Balloon d'Or ဆုပေးပွဲကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီကို ကျော်ဖြတ်ပြီးနောက် ကိုပါအမေရိကပြိုင်ပွဲအရောက်မှာတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာဆုဖလားကို ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့ဝာာဖြစ်ပါတယ်။ကိုပါအမေရိကပြိုင်ပွဲတွင်လည်း မက်ဆီဟာ အကောင်းကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကိုပါအမေရိကဖလားဟာ မက်ဆီအတွက် ပထမဆုံးသော နိုင်ငံတကာဆုဖလားအဖြစ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ၎င်းဟာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ၅၃ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့အတွက် Balloon d'Or ဆုရှင် မက်ဆီရဲ့နောက် ဒုတိယနေရာကို ရရှိခဲ့ပါတယ်။

အီတလီလက်ရွေးစင် ဂျော်ဂျင်ဟိုကတော့ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို၊ အီတလီအသင်းနဲ့အတူ ၂၀၂၀ ယူရိုဖလားကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ဂျော်ဂျင်ဟိုကတော့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

Balloon d'Or ဆုကို ကမ္ဘာတဝှမ်းက ရွေးချယ်ခံရတဲ့ သတင်းထောက် ၁၈၀ က မဲပေးရွေးချယ်ခဲ့ကြပါတယ်။

မက်ဆီနဲ့ ခေတ်ပြိုင်ကစားသမားလို့ဆိုရမယ့် စီရော်နယ်လ်ဒိုကတော့ Balloon d'Or ဆု အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် ၆ နေရာသာ ရရှိခဲ့ပြီး လာမယ့်နှစ်မှာ Balloon d'Or ဆုကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

Linko
ပါရီ၊ နိုဝင်ဘာ - ၃၀