မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားကို လူမှုကွန်ရက်စာမျက်နှာကနေ သင်ကြားမှုပိုမိုများပြားလာတယ်လို့ အွန်လိုင်းကနေ တရုတ်ဘာသာစကားသင်တန်း သင်ကြားသူတွေနဲ့ တက်ရောက်ကြတဲ့သူတွေထံက သိရပါတယ်။
အွန်လိုင်းကနေ တရုတ်ဘာသာစာသင်တန်းဖွင့်လှစ်သင်ကြားမှုက ရန်ကုန်နဲ့ မန္တလေးမြို့မှာ အများဆုံးရှိနေတာ ဖြစ်ပြီး သင်တန်းတက်ရောက်သူတွေထဲမှာ ရန်ကုန်နဲ့ မန္တလေးမှာနေထိုင်တဲ့သူတွေအပြင် ဒေသအသီးသီးက တက်ရောက်ကြတာဖြစ်တယ်လို့