【 ဆောင်းပါး 】မြင့်မားသောသစ်ပင်အကြောင်းအပါအဝင် အာကာသကနေ သင်ကြားမှု

【 ဆောင်းပါး 】မြင့်မားသောသစ်ပင်အကြောင်းအပါအဝင် အာကာသကနေ သင်ကြားမှု

တရုတ်နိုင်ငံရဲ့ Shenzhou-13 အာကာသယာဉ်မှူးများဖြစ်တဲ့ ကြိုင်ဇီကန်း၊ ဝမ်ယာဖျင် နှင့် ယီကွမ်ဖု တို့ ဟာ သိပ္ပံသင်ခန်းစာကို နိုင်ငံရဲ့ အာကာသစခန်းကနေ ကမ္ဘာမြေပေါ်ရှိသော ထောင်ပေါင်းများစွာကျောင်းသား များအတွက် တိုက်ရိုက်ထုတ်လွင့် သင်ကြားပေးခဲ့ကြပါတယ်။

ထုတ်ကုန်စျေးနှုန်းနှင့် နှေးကွေးလာသော ငွေကြေးဖောင်းပွမှု

တရုတ်စက်ရုံကုန်စည်ငွေကြေးဖောင်းပွမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် ယခင်နှစ်တုန်းက ၁၂.၉ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် ၂၆ နှစ်အတွင်း ၁၃.၅ ရာခိုင်နှုန်း မြင့်တက်လာရာကနေ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။

PPI နှေးကွေးလာမှုနဲ့အတူ ကျောက်မီးသွေး၊ သတ္တုနှင့် အခြားသော ကုန်ကြိမ်းပစ္စည်းများ ကုန်စျေးနှုန်း မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် မူဝါဒကိုလည်း အကောင်အထည်ဖော်လာခဲ့ပါတယ်။

စံချိန်တင်အစားအစာပို့ဆောင်မှု

တရုတ်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းဟာ ၂၀၂၁ ခုနှစ်တွင် စံချိန်တင် ပါဆယ်ထုတ် ၁၀၀ ဘီလီယံအထိ စံချိန်တင် ပို့ဆောင်ခဲ့ပါတယ်၊ ဒါဟာ နိုင်ငံတကာတွင် ၈ နှစ်ဆက်တိုက် အများဆုံး ပမာဏပဲဖြစ်ပါတယ်။

ဒီကဏ္ဍဟာ စံချိန်တင် အွန်လိုင်းကနေ လက်လီရောင်းအားတွင်လည်း အထောက်အပံ့ဖြစ်ခဲ့ပြီး လယ် ယာထုတ်ကုန်များနှင့် နယ်စပ်ဖြတ်ကျော် e-commerce နှင့် စက်မှုလုပ်ငန်းများတွင်လည်း တွန်းအားဖြစ်စေ ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

မြင့်တက်လာသော တရုတ်သွင်းကုန်ကဏ္ဍ

တရုတ်နိုင်ငံရဲ့ သွင်းကုန်ပမာဏဟာ နိုင်ဝင်ဘာလတွင် ၃၁.၇ ရာခိုင်နှုန်းအထိ ပြီးခဲ့တဲ့နှစ်ကထက် မြင့် တက်လာခဲ့ပြီး ဒါဟာလည်း မြင့်တက်လာသော စျေးနှုန်းနှင့် လောင်စာဆီမလုံလောက်မှာ စိုးရိမ်မှုအကြား ကျောက်မီးသွေး တင်သွင်းမှုကြောင့် ဖြစ်ပါတယ်။

အမြင့်ဆုံးသစ်ပင်ကနေ အစေ့စုဆောင်းခြင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်က သိပ္ပံပညာရှင်များဟာ တရုတ်နိုင်ငံတွင် အမြင့်ဆုံး သစ်ပင် ကနေ အစေ့ကို စုဆောင်းခဲ့ပါတယ်။ Taiwania cryptomerioides လို့ခေါ်တဲ့ ဒီသစ်ပင်ဟာ အမြဲတမ်း စိန်းလမ်းနေပြီး ယူနန်ပြည်နယ် ကုန်မြင့်ပေါ်တွင်ရှိသော သစ်ပင်ဖြစ်ပါတယ်။

အမြင့် ၇၂ မီတာရှိပြီး အကျယ်ပေါင်း ၂၅၀ စင်တီမီတာရှိပါတယ်။ သစ်ပင်ဟာ သက်တမ်း ၁၀၀၀ နှစ် ကျော်ရှိပြီဖြစ်ပါတယ်။

ဆိပ်ကမ်းကို ပြန်လည်ရောက်လာသော သုတေသနသင်္ဘော

တရုတ်သုတေသနသင်္ဘောဖြစ်တဲ့ Tansuo-1 ဟာ တရုတ်နိုင်ငံတောင်ပိုင်းတွင်ရှိသော ဟိုင်နန်ပြည် နယ်က ဆန်ညာမြို့ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်၊ ပင်လယ်နက်သုတေသီလုပ်ငန်းကို ပြီးဆုံးနောက် ပြန် ရောက်လာတာဖြစ်ပါတယ်။

ဒီသုတေသီသင်္ဘောဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် ပင်လယ်နက်သင်္ဘောတစ်ခုဖြစ်ပြီး ပင်လယ်အောက်ကို ၂၃ ကြိမ်တိုင်တိုင် အောင်မြင်စွာ ထိုးဆင်းခဲ့ပြီး ထိုထဲတွင် ၆ ခုဟာ မီတာပေါင်း ၆၀၀၀ ကျော် အထိ ဆင်းခဲ့ပါတယ်၊ ၅၃ ရက်ကြာ လေ့လာရေးလုပ်ခဲ့သော ဒီသင်္ဘောဟာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

တိဗက်ရေခဲတောင်ကနေ နမူနာကောက်ယူနိုင်ခဲ့သော တရုတ်သိပ္ပံပညာရှင်များ

တရုတ်သိပ္ပံပညာရှင်များဟာ ပင်လယ်ပြင်အထက် အမြင့်ပေ ၆၀၀၀ မီတာတွင်ရှိသော တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ရေခဲတောင်အတွင်းပိုင်း ၄ နေရာကို တူးပြီး နမူနာရယူနိုင်ခဲ့ပါတယ်။

ယခင်ကလည်း ဒီလို နမူနာရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရေခဲတောင်ဟာ အလွန်မြင့်မားသော ကြောင့် လိုအပ်သော ပစ္စည်းများတင်ပို့ရန် အလွန်ခက်ခဲခဲ့ပါတယ်၊ သို့သော်လည်း ဒီတစ်ခါမှာတော့ အဖွဲ့ဟာ ရဟတ်ယာဉ်အသုံးပြုပြီး လိုအပ်သော ပစ္စည်းများကို တင်ပို့နိုင်ခဲ့သောကြောင့် မစ်ရှင်ကိုလည်း အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာတွင် အသံထုတ်လွှင့်မှု နှစ် ၈၀ ပြည့်သွားခဲ့သော တရုတ်နိုင်ငံ

သောကြာနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တရုတ်ပြည်သူ့နိုင်ငံတကာအသံထုတ်လွှင့်မှုဝန်ဆောင်မှု အနှစ် ၈၀ ပြည့်နှစ်အတွက် ဂုဏ်ပြုစာ ပေးပို့ခဲ့ပါတယ်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် CPC ဟာ ပထမဆုံး ရေဒီထုတ်လွှင့်မှုကို ယနန်တွင် စတင်ခဲ့ပြီး တရုတ်ရဲ့ နိုင်ငံတကာအသံထုတ်လွှင့်မှုကို အစပြုခဲ့ပါတယ်။

အမျိုးသားဘောလုံးအသင်းကို ဦးဆောင်နေသော ဘောလုံးသမားဟောင်း

တရုတ်နိုင်ငံဘောလုံးအသင်း (CFA) ဟာ သောကြာနေ့တွင် လီတိုင်ရဲ့ အမျိုးသားဘောလုံးအသင်း နည်းပြကနေ အနားယူရန် တောင်းဆိုချက်ကို လက်ခံခဲ့ပြီး ဝူဟန်အသင်းနည်းပြဟောင်းနှင့် နိုင်ငံ့လက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ လီချောင်ပဲန်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

E-စီးကရတ်အတွက် စည်းကမ်းများချမှတ်ရန် ခြေလှမ်းများ

တရုတ်အစိုးရပိုင် State Tobacco Monopoly Administration ဟာ E-စီးကရတ်များကို စည်းမျဉ်းစည်း ကမ်းများဖြင့် ထိးန်ချုပ်ရန် မူကြိမ်းရေးဆွဲခဲ့ပြီး ဒီကဏ္ဍအတွင်း စည်းမျဉ်းစည်းကမ်းများကို အဆင့်မြှင့်ရန် ခြေလှမ်း တစ်ခု ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ထုတ်ပြန်ထားသော မူကြမ်းအရ ကုမ္ပဏီများဟာ တရုတ်နိုင်ငံအတွင်းက E-စီးကရတ် ရောင်းချမှုဟာ နိုင်ငံအဆင့်မီရမည်ဖြစ်ပြီး အာဏာပိုင်များကို တရားဝင်မှတ်ပုံတင်ပြီး တရားဝင်သာစီးပွားရေး လုပ်ဆောင်ရ မည်ဟု ရေးသားထားပါတယ်။

Naing

Ref:CMG |Science class from space; a high tree harvest: 10 stories from China