【 ဆောင်းပါး 】 "အဆိပ်ကို ကြော်ငြာတဲ့အခါ''

【  ဆောင်းပါး  】 "အဆိပ်ကို ကြော်ငြာတဲ့အခါ''

ပြီးခဲ့တဲ့ရက်ပိုင်းက တီဗီရှေ့ထိုင်နေတုန်း ကြော်ငြာတွေ မကြာခဏပြနေတာ တွေ့ပါတယ်။လူသုံးကုန်ပစ္စည်းတွေအမျိုးမျိုးပေါ့။အဲဒီပစ္စည်းကြော်​ငြာတွေထဲမှာ စိုက်ပျိုး​ရေး လုပ်ငန်း တွေမှာသုံးတဲ့ ပိုးသတ်ဆေးနဲ့မြေသြဇာအမျိုးမျိုးရဲ့ကြော်ငြာတွေလည်း ပါတာတွေ့ရပါတယ်။ကြော်ငြာတွေကြည့်နေရင်း ဘာ သွားသတိထားမိလည်းဆိုတော့ ပိုးသတ်ဆေးနဲ့ မြေသြဇာကြော်ငြာတချို့က များများဝယ်သုံးပါ ကောင်းတယ်ဆိုတာချည်းပဲပါပြီး သုံးတဲ့ချိန်မှာ ဘယ်လိုသတိထားသင့်တယ်ဆိုတာနဲ့ အဲလိုသုံးတဲ့အခါ​သတိမထားရင် ကျန်းမာရေးတွက် ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ တစ်ကြောင်းတလေတောင်ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

တချို့ကြော်ငြာမှာဆို အဲဒါတွေကို လက်အိတ်တွေဘာတွေ အကာအကွယ်တွေ အလုံအလောက်မပါဘဲ ဖျန်းပက်နေတဲ့ပုံစံတွေတောင်ပါတာ တွေ့ရပါတယ်။ဒါနဲ့ဘာသွားသတိရလဲဆိုတော့ မိတ်ဆွေတစ်ယောက် ပြောဖူးတာကိုပါ။သူများနိုင်ငံတွေမှာက သီးပင်စားပင်တွေစိုက်တဲ့နေရာမှာ ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာကို အတတ်နိုင်ဆုံးစနစ်တကျသုံးဖို့၊ လျှော့သုံးဖို့နဲ့ ဖြစ်နိုင်ရင် သဘာဝမြေသြဇာတွေ၊ အော်ဂဲနစ် နည်းပညာတွေအတိုင်း စိုက်ပျိုးပြီး အဲဒါတွေကိုလုံးဝမသုံးဖို့ပညာပေးနေချိန် လိုက်နာကျင့်သုံးနေချိန်မှာ ငါတို့နိုင်ငံမှာက များများသုံးလေ ကောင်းလေဆိုပြီးကြော်ငြာနေတာ ဖြစ်သင့်ရဲ့လားလို့သူက ဝေဖန်ပါတယ်။

 

သူပြောတာစဥ်းစားရင်းနဲ့ စာရေးသူဖတ်မိတဲ့ စာလေးတစ်ခုကို မြင်ယောင်မိပါတယ်။အဲဒီစာက မီးဖိုချောင်သန့်စင်တဲ့နေရာမှာသုံးတဲ့ ယိုးဒယားကလာတဲ့ ဆေးရည်ဘူးမှာမြန်မာလိုဖော်ပြထားတဲ့ စာသားတချို့ပါ။အတော်လေးအသေးစိတ်ပါတယ်။အသုံးပြုပုံ၊အရေးကြီးသတိထားရမယ့်အချက်တွေ၊​ဆေးသုံးရာက အသုံးပြုသူကို ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေရှိလာရင် ရှေးဦးသူနာပြုစုနည်းတွေ အကြံပြုချက်တွေ အသေအချာ လေးပြည့်ပြည့်စုံစုံရေးပြထားပါတယ်။ သူရေးထားတဲ့အထဲမှာ ဆေးရဲ့ကောင်းကျိုးနဲ့အသုံးပြုပုံထက် ဆေးသုံး ရာမှာ သတိထားရမယ့်အချက်တွေအကြံပြုချက်နဲ့ ရှေးဦးသူနာပြုစုနည်းတွေက ပိုများနေပါတယ်။ကိုယ်တောင် သူရေးထားတာတွေဖတ်ပြီး သုံးရမှာခပ်လန့်လန့်ရယ်ပါ။ ဘာလို့လဲဆိုတော့ နမော်နမဲ့သုံးမိရင် ကြုံရမယ့် အန္တရာယ်တွေက အတော်ကိုကြောက်စရာကောင်းလို့ဖြစ်ပါတယ်။

 

ဒီနေရာမှာဘာကိုသွားတွေ့လည်းဆိုတော့ ကုန်ပစ္စည်းထုတ်လုပ်သူတွေရဲ့စေတနာပါ။ သုံးစွဲသူတွေ ဘက် က စဥ်းစားစိတ်ပူပေးထားတာ မြင်သာပါတယ်။မြန်မာနိုင်ငံမှာထုတ် တဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အပါအဝင် တခြားကုန်ပစ္စည်းတွေမှာလည်း သုံးစွဲသူတွက် စဥ်းစားစိတ်ပူပေးတဲ့ အချက်တွေထည့်သွင်း ဖော်ပြ ထားတာတွေလည်းအများကြီးရှိနိုင်ပါတယ်။ဒါကလည်း ကိုယ့်ကုန်ပစ္စည်းရောင်းရရုံသက်သက်မဟုတ်ဘဲ စေ တနာထားကြတာဖြစ်ပါတယ်။အဲဒီစေတနာမျိုးမထားဘဲ ကိုယ့်ကုန်ပစ္စည်းရောင်းရရင်ပြီးရော ကောင်းကျိုးကို ကြီးကြီးဖော်ပြပြီး ဆိုးကျိုးကို သေးသေးနဲ့ မသိမသာဖော်ပြတဲ့ ကုန်ပစ္စည်းတွေလည်းရှိနိုင်ပါတယ်။

 

တကယ်တော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးက သုံးတာနဲ့ မသုံးတာမှာ မသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ သီးနှံကတော့ လူ့အသက်နဲ့ကျန်းမာရေးအတွက်ပိုလုံခြုံမှုရှိတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ဒီလိုပြောလို့ ဒါတွေကို လုံးဝမသုံးရဘူး။လုံးဝမရောင်းရဘူး။လုံးဝ မကြော်ငြာရဘူး လို့ဆိုလိုတာ မဟုတ်ပါဘူး။သုံးလို့ ရောင်းလို့ ကြော်ငြာလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပိုးသတ်ဆေးနဲ့ဓာတ် မြေသြ ဇာတွေကို စနစ်တကျထုတ်လုပ်ရောင်းချဖြန့်ဖြူးကြော်ငြာနိုင်ဖို့ ဥပဒေတွေနဲ့ကို တရားဝင်ပြဌာန်း အသိ အမှတ်ပြုထားလို့ဖြစ်ပါတယ်။ဥပဒေစည်းမျဥ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်ဖို့ပဲလိုတာဖြစ်ပါတယ်။

 

တကယ်တော့ ပိုးသတ်ဆေးဆိုတာ အဆိပ်ပဲဖြစ်ပါတယ်။အဲဒါကိုကြော်ငြာတာဟာ အဆိပ်ကို ဝယ် သုံးဖို့ကြော်ငြာတာပါပဲ။ကြော်ငြာခွင့်လည်းရှိပါတယ်။ဘာလို့လည်းဆိုတော့ ပိုးသတ်ဆေးဥပဒေမှာ အဆိပ် ရှိပစ္စည်း ဆိုတာက ပိုးသတ်ဆေးမှာ ပါဝင်တဲ့၊ ပိုးသတ်ဆေးဖော်စပ်ရာမှာ သုံးနိုင်တဲ့ အန္တရာယ်ဖြစ်စေတဲ့၊ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးမျိုးကို ဆိုလိုတယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာမို့ ပိုးသတ်ဆေး ဖော်စပ်ရာမှာ အဆိပ်ကို အနည်းနဲ့အများတော့ သူ့အချိုးအစား ဥပဒေစည်းမျဥ်း သတ်မှတ်ချက်တွေအတိုင်း သုံးရလို့ဖြစ်ပါတယ်။

 

အဲဒီလိုပဲ မြေသြဇာဆိုတာက သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနဲ့ အပင်တွေ ရှင်သန်ကြီးထွားရေး အတွက် မြေဆီလွှာမှာ ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေဖို့၊ အခြားနည်းလမ်း တစ်ခုခုနဲ့ အာဟာရဓါတ်ရရှိစေဖို့ ထောက် ပံ့ပေးနိုင်တဲ့ ပစ္စည်းပါဝင်တဲ့ဓာတ်မြေ သြဇာ၊ ဇီဝမြေသြဇာနဲ့သဘာဝမြေသြဇာတို့ကို ဆိုတယ်လို့ မြေသြဇာ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ဒီအချက်ကိုကြည့်ရင် သဘာဝမြေသြဇာကလွဲလို့ ကျန်တဲ့မြေသြဇာ အမျိုး အစားတွေက ဓာတုဗေဒပစ္စည်းတွေအနည်းနဲ့အများသုံးရတာမို့ စနစ်တကျမသုံးရင် သုံးစွဲသူတွေ အတွက် အန္တရာယ်ရှိတဲ့ အဆိပ်တွေပါပဲ။ဒါကြောင့်မို့ စနစ်တကျမသုံးရင် အဆိပ်ဖြစ်စေနိုင်တဲ့ ဒီလိုပစ္စည်းတွေကို ကြော်ငြာမယ်ဆိုရင် ဆောင်ရန်အပြင် ရှောင်ရန်အချက်လေးတွေပါထည့်သွင်းကြော်ငြာပေးသင့်တယ်လို့ ယူဆပါတယ်။ဘာလို့လဲဆိုတော့ ဝယ်သုံးမယ့်တောင်သူတွေထဲမှာ အသိပညာဗဟုသုတအားနည်းမယ့် တောင်သူတွေအများအပြားပါနိုင်လို့ဖြစ်ပါတယ်။

 

ဝယ်သုံးဖို့လည်းကြော်ငြာပါ။စနစ်တကျသုံးဖို့လည်း ပညာပေးပါ။ဒါမှသာ ဆိုးကျိုးရော ကောင်းကျိုး ရောသိမှ ချင့်ချင့်ချိန်ချိန်သုံးဖို့ စဥ်းစားလာမှာဖြစ်ပါတယ်။အဲဒီလိုမှမဟုတ်ဘဲ များများသုံးလေကောင်းလေပဲ သုံးသာသုံးဆိုလို့ကတော့ အသိပညာအတတ်ပညာအားနည်းတဲ့ တောင်သူတွေက သုံးချင်သလိုသုံးရင် တောင် သူရော စားသုံးသူရော ဒုက္ခရောက်နိုင်ပါတယ်။

 

အခုနောက်ပိုင်း သွေးအဆိပ်ဖြစ်တဲ့ရောဂါကြောင့် ဆေးရုံဆေးခန်းရောက်ရတဲ့လူနာတွေကို ဆရာဝန်အများစု မေးနေကျမေးခွန်းရှိပါတယ်။လူနာက ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ ကိုင်တာများလား ဆိုတဲ့မေးခွန်းပါ။ဘာလို့လဲဆိုတော့ အဲဒီလို သွေးအဆိပ်ဖြစ်တဲ့ရောဂါက အဲဒါတွေကို စနစ်တကျကိုင်တွယ် မသုံးတဲ့ သူတွေမှာအဖြစ်များလို့လို့ သူတို့ကပြောပါတယ်။ အဲဒီလိုပြောပုံထောက်ရင် ကိုင်တိုင်းဖြစ်တာမဟုတ်ပါဘူး။အကာအကွယ်နဲ့ စနစ်တကျ ကိုင်တွယ်အသုံးပြုရင်တော့ ကျန်းမာရေးတွက်အထိုက်အလျောက် လုံခြုံ မှုရနိုင်တယ်ဆိုတာ ​​သေချာပါတယ်။ စားသုံးသူကလည်း ပိုးသတ်ဆေးနဲ့ဓာတ်မြေ​သြဇာ သုံးထားတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေဆို ရေနဲ့ အထပ်ထပ်ဆေးပြီးမှ ချက်ပြုတ်စားသောက်ဖို့ ဆရာဝန်တွေ၊ ကျန်းမာရေး ဆိုင်ရာ အာဟာရပညာရှင်တွေက မကြာခဏမှာလေ့ရှိပါတယ်။

ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့်နဲ့ ပြန်လည်ထုပ်ပိုးရောင်းချခွင့် လိုင်စင်ရရှိသူကလည်း လိုင်စင် လျှောက်ထားစဉ်က တင်ပြခဲ့တဲ့ အဆိပ်ရှိပစ္စည်း ပါဝင်မှုရာခိုင်နှုန်းအတိုင်း ပြည့်မီအောင် ဖော်စပ်ရမယ်လို့ ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၄မှာဆိုပါတယ်။ဒါ့ပြင်ဖော်စပ်တဲ့ ပိုးသတ်ဆေးအတွက် သုံးစွဲရန်အညွှန်းစာမှာ ပိုးသတ်ဆေးအမျိုးအမည်၊ ကာကွယ်နှိမ်နင်း နိုင်တဲ့ပိုးတွေ၊ အဆိပ်သင့်နိုင်မှု အဆင့်အတန်း၊ အသုံးပြုရမယ့် ဆေးနှုန်းထားတို့အပြင် အဆိပ်သင့်နိုင်မှု အန္တရာယ်ကနေကင်းရှင်းဖို့ နည်းလမ်းတွေကို မြန်မာဘာသာနဲ့ ဖော်ပြရမယ်လို့ ဆိုပါတယ်။

အဲဒါတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ လိုင်စင်ရရှိသူကို စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ် ကိုဖြစ်​ဖြစ်၊ တစ်ရပ်ထက်ပိုပြီးဖြစ်ဖြစ်ချမှတ်နိုင်ပါတယ်။ လိုင်စင်ကို ရုပ်သိမ်းတာ၊ ကာလအကန့် အသတ်နဲ့ ဆိုင်းငံ့တာ၊ဒဏ်ကြေးငွေပေးဆောင်စေပြီး လိုအပ်ချက်တွေကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုတာ၊ လိုင်စင်ရရှိသူ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူတာ ဖျက်ဆီးတာတွေလုပ်ပြီး အရေးယူနိုင်တာ ဖြစ်ပါတယ်။

ပိုးသတ်ဆေးသုံးစွဲသူလိုက်နာရမယ့်စည်းကမ်းတွေထဲမှာ-

(က) ပိုးသတ်ဆေးအညွှန်းစာပါအတိုင်း လိုက်နာ သုံးစွဲရမည်။

(ခ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ခြင်း နည်းလမ်းများအတိုင်း လိုက်နာသုံးစွဲရမည်။

(ဂ) ပိုးသတ်ဆေးများကို အစားအသောက်များနှင့် နီးကပ်စွာထားရှိခြင်း၊ ကလေးသူငယ်များ အလွယ်တကူ လက်လှမ်းမီသော နေရာတွင် ထားရှိခြင်းမပြုလုပ်ရ။

(ဃ) သုံးစွဲပြီးသော ပိုးသတ်ဆေးဘူးအခွံနှင့် ထုပ်ပိုးပစ္စည်းများကို ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စွန့်ပစ်ဖျက်ဆီးခြင်း နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(င) စိုက်ခင်းများတွင်လည်းကောင်း၊ ရိတ်သိမ်းပြီးသီးနှံများကို သိုလှောင်ရာတွင်လည်းကောင်း ပိုးသတ်ဆေး သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပညာပေးလမ်းညွှန်မှုများကို လိုက်နာရမည်။

စသဖြင့် ပြဌာန်းသတ်မှတ်ထားပါတယ်။

 

ပိုးသတ်ဆေးသုံးစွဲသူကအထက်မှာ ​ပြောထားတဲ့စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လို့ တစ်စုံ တစ်ယောက်အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေရင်တော့ ရာဇသတ်ကြီးအရ ပြစ်ဒဏ်ထိုက်သင့်စေ ရမယ်လို့ ဆိုပါ တယ်။တစ်နည်းအားဖြင့် ရာဇဝတ်မှုမြောက်နေတာဖြစ်ပါတယ်။

ဒါကြောင့် စနစ်တကျမသုံးစွဲတတ်ရင် အဆိပ်ဖြစ်နိုင်တဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေကို ကြော် ငြာမယ်ဆိုရင်တော့ ​ကောင်းကျိုးအပြင် ဆိုးကျိုး​တွေရော၊ဆောင်ရန်အပြင် ရှောင်ရန်တွေရောကိုပါ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်တွေနဲ့အညီ ထည့်သွင်းကြော်ငြာမှသာ သုံးစွဲသူနဲ့ စားသုံးသူတွေရဲ့ ကျန်းမာရေး လုံခြုံ မှုကို အထောက်အကူပြုစေမှာပါလို့ အပြုသဘောဆောင် တိုက်တွန်းလိုက်ပါရစေ။

 

စာရေးသူ - သာဓက 

 

(  Zawgyi  )

 

 ၿပီးခဲ့တဲ့ရက္ပိုင္းက တီဗီေရွ႕ထိုင္ေနတုန္း ေၾကာ္ျငာေတြ မၾကာခဏျပေနတာ ေတြ႕ပါတယ္။လူသုံးကုန္ပစၥည္းေတြအမ်ိဳးမ်ိဳးေပါ့။အဲဒီပစၥည္းေၾကာ္​ျငာေတြထဲမွာ စိုက္ပ်ိဳး​ေရး လုပ္ငန္း ေတြမွာသုံးတဲ့ ပိုးသတ္ေဆးနဲ႔ေျမၾသဇာအမ်ိဳးမ်ိဳးရဲ႕ေၾကာ္ျငာေတြလည္း ပါတာေတြ႕ရပါတယ္။ေၾကာ္ျငာေတြၾကည့္ေနရင္း ဘာ သြားသတိထားမိလည္းဆိုေတာ့ ပိုးသတ္ေဆးနဲ႔ ေျမၾသဇာေၾကာ္ျငာတခ်ိဳ႕က မ်ားမ်ားဝယ္သုံးပါ ေကာင္းတယ္ဆိုတာခ်ည္းပဲပါၿပီး သုံးတဲ့ခ်ိန္မွာ ဘယ္လိုသတိထားသင့္တယ္ဆိုတာနဲ႔ အဲလိုသုံးတဲ့အခါ​သတိမထားရင္ က်န္းမာေရးတြက္ ဘယ္လို အႏၲရာယ္ရွိတယ္ဆိုတာ တစ္ေၾကာင္းတေလေတာင္ထည့္သြင္းေဖာ္ျပထားတာ မေတြ႕ရပါဘူး။
 
တခ်ိဳ႕ေၾကာ္ျငာမွာဆို အဲဒါေတြကို လက္အိတ္ေတြဘာေတြ အကာအကြယ္ေတြ အလုံအေလာက္မပါဘဲ ဖ်န္းပက္ေနတဲ့ပုံစံေတြေတာင္ပါတာ ေတြ႕ရပါတယ္။ဒါနဲ႔ဘာသြားသတိရလဲဆိုေတာ့ မိတ္ေဆြတစ္ေယာက္ ေျပာဖူးတာကိုပါ။သူမ်ားႏိုင္ငံေတြမွာက သီးပင္စားပင္ေတြစိုက္တဲ့ေနရာမွာ ပိုးသတ္ေဆးနဲ႔ဓာတ္ေျမၾသဇာကို အတတ္ႏိုင္ဆုံးစနစ္တက်သုံးဖို႔၊ ေလွ်ာ့သုံးဖို႔နဲ႔ ျဖစ္ႏိုင္ရင္ သဘာဝေျမၾသဇာေတြ၊ ေအာ္ဂဲနစ္ နည္းပညာေတြအတိုင္း စိုက္ပ်ိဳးၿပီး အဲဒါေတြကိုလုံးဝမသုံးဖို႔ပညာေပးေနခ်ိန္ လိုက္နာက်င့္သုံးေနခ်ိန္မွာ ငါတို႔ႏိုင္ငံမွာက မ်ားမ်ားသုံးေလ ေကာင္းေလဆိုၿပီးေၾကာ္ျငာေနတာ ျဖစ္သင့္ရဲ႕လားလို႔သူက ေဝဖန္ပါတယ္။
 
 
 
သူေျပာတာစဥ္းစားရင္းနဲ႔ စာေရးသူဖတ္မိတဲ့ စာေလးတစ္ခုကို ျမင္ေယာင္မိပါတယ္။အဲဒီစာက မီးဖိုေခ်ာင္သန္႔စင္တဲ့ေနရာမွာသုံးတဲ့ ယိုးဒယားကလာတဲ့ ေဆးရည္ဘူးမွာျမန္မာလိုေဖာ္ျပထားတဲ့ စာသားတခ်ိဳ႕ပါ။အေတာ္ေလးအေသးစိတ္ပါတယ္။အသုံးျပဳပုံ၊အေရးႀကီးသတိထားရမယ့္အခ်က္ေတြ၊​ေဆးသုံးရာက အသုံးျပဳသူကို က်န္းမာေရးဆိုင္ရာထိခိုက္မႈေတြရွိလာရင္ ေရွးဦးသူနာျပဳစုနည္းေတြ အႀကံျပဳခ်က္ေတြ အေသအခ်ာ ေလးျပည့္ျပည့္စုံစုံေရးျပထားပါတယ္။ သူေရးထားတဲ့အထဲမွာ ေဆးရဲ႕ေကာင္းက်ိဳးနဲ႔အသုံးျပဳပုံထက္ ေဆးသုံး ရာမွာ သတိထားရမယ့္အခ်က္ေတြအႀကံျပဳခ်က္နဲ႔ ေရွးဦးသူနာျပဳစုနည္းေတြက ပိုမ်ားေနပါတယ္။ကိုယ္ေတာင္ သူေရးထားတာေတြဖတ္ၿပီး သုံးရမွာခပ္လန္႔လန္႔ရယ္ပါ။ ဘာလို႔လဲဆိုေတာ့ နေမာ္နမဲ့သုံးမိရင္ ႀကဳံရမယ့္ အႏၲရာယ္ေတြက အေတာ္ကိုေၾကာက္စရာေကာင္းလို႔ျဖစ္ပါတယ္။
 
 
 
ဒီေနရာမွာဘာကိုသြားေတြ႕လည္းဆိုေတာ့ ကုန္ပစၥည္းထုတ္လုပ္သူေတြရဲ႕ေစတနာပါ။ သုံးစြဲသူေတြ ဘက္ က စဥ္းစားစိတ္ပူေပးထားတာ ျမင္သာပါတယ္။ျမန္မာႏိုင္ငံမွာထုတ္ တဲ့ ပိုးသတ္ေဆးနဲ႔ ဓာတ္ေျမၾသဇာ အပါအဝင္ တျခားကုန္ပစၥည္းေတြမွာလည္း သုံးစြဲသူတြက္ စဥ္းစားစိတ္ပူေပးတဲ့ အခ်က္ေတြထည့္သြင္း ေဖာ္ျပ ထားတာေတြလည္းအမ်ားႀကီးရွိႏိုင္ပါတယ္။ဒါကလည္း ကိုယ့္ကုန္ပစၥည္းေရာင္းရ႐ုံသက္သက္မဟုတ္ဘဲ ေစ တနာထားၾကတာျဖစ္ပါတယ္။အဲဒီေစတနာမ်ိဳးမထားဘဲ ကိုယ့္ကုန္ပစၥည္းေရာင္းရရင္ၿပီးေရာ ေကာင္းက်ိဳးကို ႀကီးႀကီးေဖာ္ျပၿပီး ဆိုးက်ိဳးကို ေသးေသးနဲ႔ မသိမသာေဖာ္ျပတဲ့ ကုန္ပစၥည္းေတြလည္းရွိႏိုင္ပါတယ္။
 
 
 
တကယ္ေတာ့ ဓာတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးက သုံးတာနဲ႔ မသုံးတာမွာ မသုံးဘဲ သဘာဝအတိုင္း စိုက္ပ်ိဳးျဖစ္ထြန္းတဲ့ သီးႏွံကေတာ့ လူ႔အသက္နဲ႔က်န္းမာေရးအတြက္ပိုလုံၿခဳံမႈရွိတယ္ဆိုတာ ျငင္းလို႔မရတဲ့ အခ်က္ပါ။ဒီလိုေျပာလို႔ ဒါေတြကို လုံးဝမသုံးရဘူး။လုံးဝမေရာင္းရဘူး။လုံးဝ မေၾကာ္ျငာရဘူး လို႔ဆိုလိုတာ မဟုတ္ပါဘူး။သုံးလို႔ ေရာင္းလို႔ ေၾကာ္ျငာလို႔ရပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ပိုးသတ္ေဆးနဲ႔ဓာတ္ ေျမၾသ ဇာေတြကို စနစ္တက်ထုတ္လုပ္ေရာင္းခ်ျဖန္႔ျဖဴးေၾကာ္ျငာႏိုင္ဖို႔ ဥပေဒေတြနဲ႔ကို တရားဝင္ျပဌာန္း အသိ အမွတ္ျပဳထားလို႔ျဖစ္ပါတယ္။ဥပေဒစည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္ေဆာင္ဖို႔ပဲလိုတာျဖစ္ပါတယ္။
 
 
 
တကယ္ေတာ့ ပိုးသတ္ေဆးဆိုတာ အဆိပ္ပဲျဖစ္ပါတယ္။အဲဒါကိုေၾကာ္ျငာတာဟာ အဆိပ္ကို ဝယ္ သုံးဖို႔ေၾကာ္ျငာတာပါပဲ။ေၾကာ္ျငာခြင့္လည္းရွိပါတယ္။ဘာလို႔လည္းဆိုေတာ့ ပိုးသတ္ေဆးဥပေဒမွာ အဆိပ္ ရွိပစၥည္း ဆိုတာက ပိုးသတ္ေဆးမွာ ပါဝင္တဲ့၊ ပိုးသတ္ေဆးေဖာ္စပ္ရာမွာ သုံးႏိုင္တဲ့ အႏၲရာယ္ျဖစ္ေစတဲ့၊ အဆိပ္သင့္ေစတဲ့ ဓာတုပစၥည္းတစ္မ်ိဳးမ်ိဳးကို ဆိုလိုတယ္ဆိုၿပီး အဓိပၸါယ္ဖြင့္ဆိုထားတာမို႔ ပိုးသတ္ေဆး ေဖာ္စပ္ရာမွာ အဆိပ္ကို အနည္းနဲ႔အမ်ားေတာ့ သူ႔အခ်ိဳးအစား ဥပေဒစည္းမ်ဥ္း သတ္မွတ္ခ်က္ေတြအတိုင္း သုံးရလို႔ျဖစ္ပါတယ္။
 
 
 
အဲဒီလိုပဲ ေျမၾသဇာဆိုတာက သစ္သီးဝလံ၊ ပန္းမန္၊ သီးႏွံနဲ႔ အပင္ေတြ ရွင္သန္ႀကီးထြားေရး အတြက္ ေျမဆီလႊာမွာ ဓာတုဆိုင္ရာေျပာင္းလဲမႈျဖစ္ေစဖို႔၊ အျခားနည္းလမ္း တစ္ခုခုနဲ႔ အာဟာရဓါတ္ရရွိေစဖို႔ ေထာက္ ပံ့ေပးႏိုင္တဲ့ ပစၥည္းပါဝင္တဲ့ဓာတ္ေျမ ၾသဇာ၊ ဇီဝေျမၾသဇာနဲ႔သဘာဝေျမၾသဇာတို႔ကို ဆိုတယ္လို႔ ေျမၾသဇာ ဥပေဒမွာ အဓိပၸါယ္ဖြင့္ဆိုပါတယ္။ဒီအခ်က္ကိုၾကည့္ရင္ သဘာဝေျမၾသဇာကလြဲလို႔ က်န္တဲ့ေျမၾသဇာ အမ်ိဳး အစားေတြက ဓာတုေဗဒပစၥည္းေတြအနည္းနဲ႔အမ်ားသုံးရတာမို႔ စနစ္တက်မသုံးရင္ သုံးစြဲသူေတြ အတြက္ အႏၲရာယ္ရွိတဲ့ အဆိပ္ေတြပါပဲ။ဒါေၾကာင့္မို႔ စနစ္တက်မသုံးရင္ အဆိပ္ျဖစ္ေစႏိုင္တဲ့ ဒီလိုပစၥည္းေတြကို ေၾကာ္ျငာမယ္ဆိုရင္ ေဆာင္ရန္အျပင္ ေရွာင္ရန္အခ်က္ေလးေတြပါထည့္သြင္းေၾကာ္ျငာေပးသင့္တယ္လို႔ ယူဆပါတယ္။ဘာလို႔လဲဆိုေတာ့ ဝယ္သုံးမယ့္ေတာင္သူေတြထဲမွာ အသိပညာဗဟုသုတအားနည္းမယ့္ ေတာင္သူေတြအမ်ားအျပားပါႏိုင္လို႔ျဖစ္ပါတယ္။
 
 
 
ဝယ္သုံးဖို႔လည္းေၾကာ္ျငာပါ။စနစ္တက်သုံးဖို႔လည္း ပညာေပးပါ။ဒါမွသာ ဆိုးက်ိဳးေရာ ေကာင္းက်ိဳး ေရာသိမွ ခ်င့္ခ်င့္ခ်ိန္ခ်ိန္သုံးဖို႔ စဥ္းစားလာမွာျဖစ္ပါတယ္။အဲဒီလိုမွမဟုတ္ဘဲ မ်ားမ်ားသုံးေလေကာင္းေလပဲ သုံးသာသုံးဆိုလို႔ကေတာ့ အသိပညာအတတ္ပညာအားနည္းတဲ့ ေတာင္သူေတြက သုံးခ်င္သလိုသုံးရင္ ေတာင္ သူေရာ စားသုံးသူေရာ ဒုကၡေရာက္ႏိုင္ပါတယ္။
 
 
 
အခုေနာက္ပိုင္း ေသြးအဆိပ္ျဖစ္တဲ့ေရာဂါေၾကာင့္ ေဆး႐ုံေဆးခန္းေရာက္ရတဲ့လူနာေတြကို ဆရာဝန္အမ်ားစု ေမးေနက်ေမးခြန္းရွိပါတယ္။လူနာက ပိုးသတ္ေဆးနဲ႔ ဓာတ္ေျမၾသဇာေတြ ကိုင္တာမ်ားလား ဆိုတဲ့ေမးခြန္းပါ။ဘာလို႔လဲဆိုေတာ့ အဲဒီလို ေသြးအဆိပ္ျဖစ္တဲ့ေရာဂါက အဲဒါေတြကို စနစ္တက်ကိုင္တြယ္ မသုံးတဲ့ သူေတြမွာအျဖစ္မ်ားလို႔လို႔ သူတို႔ကေျပာပါတယ္။ အဲဒီလိုေျပာပုံေထာက္ရင္ ကိုင္တိုင္းျဖစ္တာမဟုတ္ပါဘူး။အကာအကြယ္နဲ႔ စနစ္တက် ကိုင္တြယ္အသုံးျပဳရင္ေတာ့ က်န္းမာေရးတြက္အထိုက္အေလ်ာက္ လုံၿခဳံ မႈရႏိုင္တယ္ဆိုတာ ​​ေသခ်ာပါတယ္။ စားသုံးသူကလည္း ပိုးသတ္ေဆးနဲ႔ဓာတ္ေျမ​ၾသဇာ သုံးထားတဲ့ သီးႏွံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြဆို ေရနဲ႔ အထပ္ထပ္ေဆးၿပီးမွ ခ်က္ျပဳတ္စားေသာက္ဖို႔ ဆရာဝန္ေတြ၊ က်န္းမာေရး ဆိုင္ရာ အာဟာရပညာရွင္ေတြက မၾကာခဏမွာေလ့ရွိပါတယ္။
 
ပိုးသတ္ေဆးေဖာ္စပ္ေရာင္းခ်ခြင့္နဲ႔ ျပန္လည္ထုပ္ပိုးေရာင္းခ်ခြင့္ လိုင္စင္ရရွိသူကလည္း လိုင္စင္ ေလွ်ာက္ထားစဥ္က တင္ျပခဲ့တဲ့ အဆိပ္ရွိပစၥည္း ပါဝင္မႈရာခိုင္ႏႈန္းအတိုင္း ျပည့္မီေအာင္ ေဖာ္စပ္ရမယ္လို႔ ပိုးသတ္ေဆးဥပေဒပုဒ္မ ၂၄မွာဆိုပါတယ္။ဒါ့ျပင္ေဖာ္စပ္တဲ့ ပိုးသတ္ေဆးအတြက္ သုံးစြဲရန္အၫႊန္းစာမွာ ပိုးသတ္ေဆးအမ်ိဳးအမည္၊ ကာကြယ္ႏွိမ္နင္း ႏိုင္တဲ့ပိုးေတြ၊ အဆိပ္သင့္ႏိုင္မႈ အဆင့္အတန္း၊ အသုံးျပဳရမယ့္ ေဆးႏႈန္းထားတို႔အျပင္ အဆိပ္သင့္ႏိုင္မႈ အႏၲရာယ္ကေနကင္းရွင္းဖို႔ နည္းလမ္းေတြကို ျမန္မာဘာသာနဲ႔ ေဖာ္ျပရမယ္လို႔ ဆိုပါတယ္။
 
အဲဒါေတြကို လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္တဲ့ လိုင္စင္ရရွိသူကို စီမံခန႔္ခြဲေရးဆိုင္ရာ အမိန႔္တစ္ရပ္ရပ္ ကိုျဖစ္​ျဖစ္၊ တစ္ရပ္ထက္ပိုၿပီးျဖစ္ျဖစ္ခ်မွတ္ႏိုင္ပါတယ္။ လိုင္စင္ကို ႐ုပ္သိမ္းတာ၊ ကာလအကန႔္ အသတ္နဲ႔ ဆိုင္းငံ့တာ၊ဒဏ္ေၾကးေငြေပးေဆာင္ေစၿပီး လိုအပ္ခ်က္ေတြကို ျပဳျပင္ေစၿပီး ဆက္လက္လုပ္ကိုင္ခြင့္ျပဳတာ၊ လိုင္စင္ရရွိသူ လက္ဝယ္ရွိ ပိုးသတ္ေဆးလက္က်န္ကို သိမ္းယူတာ ဖ်က္ဆီးတာေတြလုပ္ၿပီး အေရးယူႏိုင္တာ ျဖစ္ပါတယ္။
 
ပိုးသတ္ေဆးသုံးစြဲသူလိုက္နာရမယ့္စည္းကမ္းေတြထဲမွာ-
 
(က) ပိုးသတ္ေဆးအၫႊန္းစာပါအတိုင္း လိုက္နာ သုံးစြဲရမည္။
 
(ခ) ဦးစီးဌာနက အခါအားေလ်ာ္စြာ ထုတ္ျပန္ေသာ ပိုးသတ္ေဆး အႏၲရာယ္ကင္းရွင္းစြာ ကိုင္တြယ္ျခင္း နည္းလမ္းမ်ားအတိုင္း လိုက္နာသုံးစြဲရမည္။
 
(ဂ) ပိုးသတ္ေဆးမ်ားကို အစားအေသာက္မ်ားႏွင့္ နီးကပ္စြာထားရွိျခင္း၊ ကေလးသူငယ္မ်ား အလြယ္တကူ လက္လွမ္းမီေသာ ေနရာတြင္ ထားရွိျခင္းမျပဳလုပ္ရ။
 
(ဃ) သုံးစြဲၿပီးေသာ ပိုးသတ္ေဆးဘူးအခြံႏွင့္ ထုပ္ပိုးပစၥည္းမ်ားကို ဦးစီးဌာန၏ ၫႊန္ၾကားခ်က္ႏွင့္အညီ စြန႔္ပစ္ဖ်က္ဆီးျခင္း နည္းလမ္းမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ရမည္။
 
(င) စိုက္ခင္းမ်ားတြင္လည္းေကာင္း၊ ရိတ္သိမ္းၿပီးသီးႏွံမ်ားကို သိုေလွာင္ရာတြင္လည္းေကာင္း ပိုးသတ္ေဆး သုံးစြဲျခင္းႏွင့္ စပ္လ်ဥ္း၍ ဦးစီးဌာနက အခါအားေလ်ာ္စြာ ထုတ္ျပန္ေသာ ပညာေပးလမ္းၫႊန္မႈမ်ားကို လိုက္နာရမည္။
 
စသျဖင့္ ျပဌာန္းသတ္မွတ္ထားပါတယ္။
 
 
 
ပိုးသတ္ေဆးသုံးစြဲသူကအထက္မွာ ​ေျပာထားတဲ့စည္းကမ္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္လို႔ တစ္စုံ တစ္ေယာက္အသက္ဆုံးရႈံးမႈကို ျဖစ္ေပၚေစရင္ေတာ့ ရာဇသတ္ႀကီးအရ ျပစ္ဒဏ္ထိုက္သင့္ေစ ရမယ္လို႔ ဆိုပါ တယ္။တစ္နည္းအားျဖင့္ ရာဇဝတ္မႈေျမာက္ေနတာျဖစ္ပါတယ္။
 
ဒါေၾကာင့္ စနစ္တက်မသုံးစြဲတတ္ရင္ အဆိပ္ျဖစ္ႏိုင္တဲ့ ပိုးသတ္ေဆးနဲ႔ ဓာတ္ေျမၾသဇာေတြကို ေၾကာ္ ျငာမယ္ဆိုရင္ေတာ့ ​ေကာင္းက်ိဳးအျပင္ ဆိုးက်ိဳး​ေတြေရာ၊ေဆာင္ရန္အျပင္ ေရွာင္ရန္ေတြေရာကိုပါ ဥပေဒပါ သတ္မွတ္ျပဌာန္းခ်က္ေတြနဲ႔အညီ ထည့္သြင္းေၾကာ္ျငာမွသာ သုံးစြဲသူနဲ႔ စားသုံးသူေတြရဲ႕ က်န္းမာေရး လုံၿခဳံ မႈကို အေထာက္အကူျပဳေစမွာပါလို႔ အျပဳသေဘာေဆာင္ တိုက္တြန္းလိုက္ပါရေစ။
 
 
 
စာေရးသူ - သာဓက